Tuesday, December 4, 2012

“စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက မိုင်းတွင်း အရှုပ်အထွေးများ ဖွင့်ဟပြောဆို”


တရုတ်နိုင်ငံရဲ့ မဟာဗျူဟာတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ကျူးကျော်ပြီးစီးပွားချယ်လှယ် နေတဲ့လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် လုံခြုံရေးတာဝန်များထမ်းဆောင်လျှက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ချက်များအား သလ္လာဝတီတိုင်မ်းမီဒီယာ ပရိတ်သတ်နှင့်ပြည်သူလူထုများသိရှိရန်တင်ပြလိုက်ရပါသည်။
“နိုင်ငံတာဝန်တွေထမ်းဆောင်ချင်လို့ ရဲတပ်ဖွဲ့ထဲကိုဝင်လာတာပါ။အခုတော့ရဲအလုပ်ကိုမလုပ်ရလဘဲ ကုမ္ပဏီမှာကျွန်ခံနေရ တယ်။စစ်စီးပွားရေးဓနရှင်ဦးပိုင်ဆိုသူတွေ့ရဲ့လောင်းရိပ်အောက်မှာ တာဝန်ထမ်းဆောင်နေရတာ စိတ်ပျက်လှပါပြီ”ဟု ၀မ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်စောင့်နေရသူရဲတပ်ဖွဲ့ဝင်ရဲအရာရှိတစ်ဦးကဆိုပါတယ်။
 လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြီးသည် ဒေသခံတောင်သူများရဲ့ဓားမဦးချလုပ်ကိုင်လျှက်ရှိသော လယ်ယာမြေ ဧကပေါင်းများစွာကို အတင်းအဓမ္မသိမ်းပိုက်ရယူပြီး လုပ်ကိုင်ဆောင်ရွက်နေသောစီမံကိန်းကြီဒတစ်ရပ်ဖြစ်သည်။
 “ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့ ဖြိုခွင်းဖို့ဆိုပြီး စစ်အင်အား ရဲတပ်ဖွဲ့ဝင်အင်အားတွေကိုလည်းလိုအပ်တာထက်ပိုပြီး သုံးထားပါတယ်။အခုဆိုရင်စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး-မြင့်အောင် (ဦးပိုင်ကုမ္ပဏီ)က ပုဒ်မ(၁၄၄)ထုတ်ထားတဲ့ ကိစ္စကို အကြောင်းပြပြီး စီမံကိန်းနယ်မြေအတွင်ဝင်ရောက်တဲ့ လက်ပန်းတောင်းတောင်အနီးတစ်ဝိုက်ရှိဒေသခံ ရွာသားတွေကို မိုင်း ထောင်ဖို့ဆိုပြီး အထူးအစီအစဉ်တစ်ရပ်ကို လျှိုဝှက်စီစဉ်နေပါတယ်။ အဲဒီမိုင်းထောင်မဲ့အစီအစဉ်ကို မုံရွာခရိုင်အုပ်ချုပ်ရေး မှူး-ဦးခင်မောင်စန်း ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး-ဦးတင်အောင် တို့ကတော့ သဘောတူလက်ခံတယ်လို့သိရတယ်။
             အဲဒီလို့မိုင်းထောင်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မှာ အထူးသဖြင့် နွားကျောင်းတဲ့သူတွေ ဟင်းသီးဟင်းရွက်ရှာတဲ့သူတွေ ရဟန်သံဃာတော်တွေ ထိခိုက်ဒဏ်ရာတွေရကုန်မှာသေချာတယ်။မတော်ရင် ခြေတောက်ပြတ် နောက်ဆုံးအသက်ပါ ဆုံးပါးနိုင်တယ်။အဲဒါကြောင့် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အချို့ကတော့ ထွက်ပြေးဘို့ ကြိုးစားနေပါတယ်”ဟု ၄င်းရဲအရာရှိကဆက်လက်၍ပြောကြားခဲ့ပါတယ်။
  ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်းတောင်ဖြိုမိုင်းခွဲသည့်အလုပ်နှင့်ပုံမှားရိုက်ကာဒေသခံတောင်သူတွေကိုအ ကြမ်းဖက်သတ်ဖြတ်ရမ်စီစဉ်နေခြင်းပင်ဖြစ်သည်။
 “စီမံကိန်းလုပ်ငန်းခွင်အတွင်း ၀င်ရောက်လာလို့သာအခုလိုဖြစ်ရတာပါ ဒါဟာမတော်တဆမှုတစ်ရပ်ပါဖြစ်ပါတယ်လို့ စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်က ဒီကိစ္စအတွက်အရေးပေါ်အစည်းအဝေးပြုလုပ်နေပါတယ်။မတရားသဖြင့် ဥပဒေမဲ့လုပ် ရပ်တွေကို ပြည်သူတွေသိစေချင်လို့အခုလိုဆက်သွယ်ပြောကြားခဲ့တာပါဟု အဆိုပါရဲအရာရှိကမှတ်ချက်ပြုပြောဆိုထားပါ တယ်။
၎င်းစီမံကိန်းရုံးအတွင်း ဥပဒေမဲ့ စွာနဲ့ မူးယစ်ဆေးဝါးတွေ ၊စစ်လက်နက်ပစ္စည်းတွေကို အမြောက်အများသိုလှောင်ထားတာကို ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ်။တစ်ခါတစ်လေညပိုင်းတွေမှာ ၀မ်ပေါင်ကုမ္ပဏီကတရုတ်တွေ မုံရွာကိုသွားရင် သူတို့ကားတွေပေါ်မှာ သေနပ်တွေဆောင်ပြီသွားကြတယ် ဟုပြောပြကြောင်းတင်ပြလိုက်ရပါသည်။
 ****မှတ်ချက်။   ။မူရင်းရုပ်သံဖိုင်ကိုတင်ပြခြင်သော်လည်း ပြောပြသောရဲအရာရှိ၏ မိသားစုနှင့် ဆွေများသားချင်းများရဲ့ လုံခြုံရေးဆိုင်ရာအရတင်ပြခြင်းမပြုနိုင်သည်ကို နားလည်ပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။

မိုင်းခွဲမြေဖြိုမှုတွေကြောင့် မကြာခင်ပြိုကျတော့ မယ့်စေတီ အားအဝေးတစ် နေရာမှ မြင်တွေ့ရစဉ်။
မိုင်းခွဲမြေဖြိုမှုတွေကြောင့် မကြာခင်ပြိုကျတော့ မယ့်စေတီ အားအဝေးတစ် နေရာမှ မြင်တွေ့ရစဉ်။

တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက် ကျူးကျော်ပြီးစီးပွားချယ်လှယ် နေတဲ့ လက်ပန်းတောင်း တောင်ကြေးနီ စီမံကိန်းလုပ်ငန်းခွင်တွင် လုံခြုံရေး တာဝန်များ ထမ်းဆောင်လျှက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်း ချက်များအား သလ္လာဝတီတိုင်မ်း မီဒီယာ ပရိတ်သတ်နှင့် ပြည်သူလူထုများ သိရှိရန် တင်ပြလိုက်ရပါသည်။
 
“နိုင်ငံတာဝန်တွေ ထမ်းဆောင်ချင်လို့ ရဲတပ်ဖွဲ့ထဲကို ၀င်လာတာပါ။ အခုတော့ ရဲအလုပ်ကို မလုပ်ရလဘဲ ကုမ္ပဏီမှာ ကျွန်ခံနေရ တယ်။ စစ်စီးပွားရေး ဓနရှင်ဦးပိုင်ဆိုသူတွေ့ရဲ့ လောင်းရိပ်အောက်မှာ တာဝန် ထမ်းဆောင်နေရတာ စိတ်ပျက်လှပါပြီ”ဟု ၀မ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေး တာဝန်စောင့်နေရသူ ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
 
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးသည် ဒေသခံ တောင်သူများရဲ့ဓားမဦးချ လုပ်ကိုင်လျှက်ရှိသော လယ်ယာမြေ ဧကပေါင်းများစွာကို အတင်းအဓမ္မ သိမ်းပိုက်ရယူပြီး လုပ်ကိုင် ဆောင်ရွက်နေသော စီမံကိန်းကြီး တစ်ရပ်ဖြစ်သည်။
 
“ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ ဖြိုခွင်းဖို့ဆိုပြီး စစ်အင်အား ရဲတပ်ဖွဲ့ဝင် အင်အားတွေကိုလည်း လိုအပ်တာထက်ပိုပြီး သုံးထားပါတယ်။ အခုဆိုရင် စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး-မြင့်အောင် (ဦးပိုင်ကုမ္ပဏီ)က ပုဒ်မ(၁၄၄)ထုတ်ထားတဲ့ ကိစ္စကို အကြောင်းပြပြီး စီမံကိန်းနယ်မြေအတွင် ၀င်ရောက်တဲ့ လက်ပန်းတောင်းတောင် အနီးတစ်ဝိုက်ရှိ ဒေသခံ ရွာသားတွေကို မိုင်း ထောင်ဖို့ ဆိုပြီး အထူးအစီအစဉ် တစ်ရပ်ကို လျှိုဝှက် စီစဉ်နေပါတယ်။ အဲဒီမိုင်းထောင်မဲ့ အစီအစဉ်ကို မုံရွာခရိုင် အုပ်ချုပ်ရေး မှူး-ဦးခင်မောင်စန်း ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး- ဦးတင်အောင် တို့ကတော့ သဘောတူ လက်ခံတယ်လို့သိရတယ်။
အဲဒီလို့ မိုင်းထောင်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မှာ အထူးသဖြင့် နွားကျောင်းတဲ့သူတွေ ဟင်းသီးဟင်းရွက် ရှာတဲ့သူတွေ ရဟန်သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရကုန်မှာ သေချာတယ်။မတော်ရင် ခြေတောက်ပြတ် နောက်ဆုံးအသက်ပါ ဆုံးပါးနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်အချို့ကတော့ ထွက်ပြေးဘို့ ကြိုးစားနေပါတယ်”ဟု ၄င်းရဲအရာရှိက ဆက်လက်၍ ပြောကြားခဲ့ပါတယ်။
  
ကြေးနီတူးဖော်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း တောင်ဖြိုမိုင်းခွဲသည့် အလုပ်နှင့်ပုံမှားရိုက်ကာ ဒေသခံတောင်သူတွေကို အကြမ်းဖက် သတ်ဖြတ်ရမ် စီစဉ်နေခြင်းပင်ဖြစ်သည်။
 
“စီမံကိန်း လုပ်ငန်းခွင်အတွင်း ၀င်ရောက်လာလို့သာအခုလိုဖြစ်ရတာပါ ဒါဟာ မတော်တဆမှု တစ်ရပ်ပါဖြစ်ပါတယ်လို့ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်က ဒီကိစ္စအတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်နေပါတယ်။ မတရားသဖြင့် ဥပဒေမဲ့လုပ် ရပ်တွေကို ပြည်သူတွေ သိစေချင်လို့အခုလို ဆက်သွယ် ပြောကြားခဲ့တာပါဟု အဆိုပါရဲအရာရှိက မှတ်ချက်ပြုပြောဆိုထားပါ တယ်။
 
၎င်းစီမံကိန်းရုံးအတွင်း ဥပဒေမဲ့ စွာနဲ့ မူးယစ်ဆေးဝါးတွေ ၊ စစ်လက်နက်ပစ္စည်းတွေကို အမြောက်အများ သိုလှောင်ထားတာကို ကျွန်တော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတယ်။တစ်ခါတစ်လေ ညပိုင်းတွေမှာ ၀မ်ပေါင်ကုမ္ပဏီက တရုတ်တွေ မုံရွာကိုသွားရင် သူတို့ ကားတွေပေါ်မှာ သေနပ်တွေ ဆောင်ပြီသွားကြတယ် ဟုပြောပြကြောင်း တင်ပြလိုက်ရပါသည်။
 
****မှတ်ချက်။ ။ မူရင်းရုပ်သံဖိုင်ကို တင်ပြခြင်သော်လည်း ပြောပြသော ရဲအရာရှိ၏ မိသားစုနှင့် ဆွေများသားချင်းများ ရဲ့ လုံခြုံရေး ဆိုင်ရာအရ တင်ပြခြင်း မပြုနိုင်သည်ကို နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။

ThanLarWaddy Times , အင်တာနက်စာမျက်နှာသတင်းမှ

0 comments: