Monday, December 3, 2012

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ နိုင်/ကျဉ်းဟောင်း ဆရာတော်ကို ဂုဏ်ပြု

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က Myoo Hon Ji ဂျပန် ဘုရားကျောင်းတွင် ဂျပန်နိုင်ငံ နာဂိုယာမြို့သို့ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဇဝနကို ဂုဏ်ပြုပွဲ ကျင်းပကြသည်။ ထိုဂုဏ်ပြုပွဲကို Myoo Hon Ji ကျောင်း ဂျပန် လူမျိုးဘိက္ခုနီ Majima san မှ ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။
 
ဆရာတော် ဦးဇဝနအား နေ့ဆွမ်း ဆက်ကပ်ကြပြီးနောက် နေ့လည် ၁း၀၀ နာရီအချိန်တွင် Myoo Hon Ji ကျောင်း ကျောင်းခန်းမ၌ အခမ်းနားကို စတင်ကျင်းပသည်။ အခန်းနားကို မေတ္တာသုတ် ရွတ်ဖတ် ဖွင့်လှစ်ပေးပြီး ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ဆရာတော်မှ ပြောကြားသည်။ ၂၀၁၂ ခုနှစ်အတွင် ငလျှင်ဘေးကြောင့် သေဆုံးခဲ့ရသော ဂျပန် အမျိုးသား၊ အမျိုးသမီးတို့နှင့် မြန်မာ့ဒီမိုကရေစီရေးတွင် အသက်ပေး စွန့်လွှတ်ခဲ့ကြသော မြန်မာလူမျိုးအပေါင်းတို့အား အမျှပေးဝေ ရေစက်ချသည်။ ထို့နောက် အခမ်းအနား ဦးဆောင်ကျင်းပသူ Majima san မှ ဆရာတော်နှင့် ပရိသတ်ကို မိတ်ဆက်ပေးပြီးနောက် ဆရာတော်မှ ဧရာဝတီ အင်တာနက် စာမျက်နှာနှင့် အခြား အင်တာနက် စာမျက်နှာများတွင် ရေးသားခဲ့သော စာများထဲမှ အသံဖြင့် တရင်းတနှီး ဆောင်းပါးနှင့် အတွေးဇာတ်ဆောင်၏ အိပ်မက်ခရီးရှည် ဆောင်းပါး ၂ ပုဒ်ကို ဂျပန်ဘာသာပြန်ပြီး ရွတ်ဆို ဂုဏ်ပြုသည်။ ထိုရွတ်ဆိုမှုကို MIYAJIMA TO MO KO က အသံဖြင့် ရွတ်ဖတ်ပေးပြီး KATO MASAHIRO တီးလုံးဖြင့် ကူညီ ပုံဖော်ပေးသည်။ ရွတ်ဖတ်မှုအပြီး ပရိသတ်များမှ သြဘာ လက်ခုပ်သံတို့ဖြင့် အားပေးကြသည်။
 
ဆရာတော် ဦးဇဝနသည် ၁၉၉၃ နှစ်တွင် ဂျပန်လူမျိုး ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ပါမောက္ခ ယိုဇိုယိုကိုတာ မြန်မာပြည် လာရောက်စဉ်က သံဃာတော်များအပေါ် စစ်အစိုးရ၏ လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းများ ပေးခဲ့မှုနှင့် အခြားသော ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အားပေးကူညီခဲ့မှုတို့ကြောင့် ပြစ်ဒဏ် ကျခံခဲ့ရခြင်းဖြစ်သည်။
 
အင်းစိန်ထောင်-သာယာဝတီထောင်-တောင်ငူထောင်တို့၌ နှစ်ပေါင်း ၁၆ နှစ် ထောင်တွင်း နေထိုင်ခဲ့ရသူဖြစ်သည်။ သူ တည်ထောင်ခဲ့သော ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက် ကိုလည်း ပြန်လည် သီတင်းသုံးခွင့် မရတော့ဘဲ စစ်ထောက်လှမ်းရေးတို့ အမျိုးမျိုး အနှောင့်အယှက် ပေးမှုကြောင့် ထောင်မှလွတ်ပြီး ၂ လအကြာ နိုင်ငံခြားသို့ ထွက်ခွါလာခြင်း ဖြစ်ကြောင်း သိရသည်။
 
မူရင်းလင့်မှ သတင်းနှင့်ဓါတ်ပုံများ...
http://www.facebook.com/home.php?#!/media/set/?set=a.498677466821026.112261.267614753260633&type=1
Copy from - Burma VJ Media Network

0 comments: