Friday, December 14, 2012

တအာင်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဆက်

13 December 20:52

ယနေ့ ၁၃ ရက် ဒီဇင်ဘာလ ညနေ ၅ နာရီခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ကွတ်ခိုင်မြို့နယ်အခြေစိုက် တပ်ရင်း ၁၁၂ နှင့် မြန်မာတပ်ဖွဲ့ ခလရ ၁၂၃၊ ၂၄၁ တို့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနီးရှိ လုမ်ကမ်ကျေးရွာနှင့် နမ့်ကျိုးချောင်းသတ္တုစက်ရုံ အကြားတွင် တိုက်ပွဲ ဖြစ်ပွားနေလျှက်ရှိသည်။
 
တအာင်းတပ်ဖွဲ့ တပ်ရင်း ၁၁၂ တို့ခေတ္တ အခြေစိုက်ရာ တောင်အနီးသို့ တက်လာသော မြန်မာတပ်ဖွဲ့မှာ တအာင်းတပ်ဖွဲ့တို့ ထောင်ထားသည့် မိုင်း ၃ လုံး ထိခိုက် ပေါက်ကွဲပြီး တိုက်ပွဲ စတင်ပစ်ခတ်နေသည်ဟု တအာင်းတပ်မှူး တဦးက ပြောပြသည်။
 
မြန်မာဘက်မှ ထိခိုက်ကျဆုံးသည်ကို တအာင်းရဲဘော်များကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟု ဆက်ပြောပါသည်။သို့သော် မည်မျှ ထိခိုက်ကျဆုံးသည်ကို မသိရှိရသေးချေ။
 
ယခုသတင်းရေးသည့်အချိန်အထိ တိုက်ပွဲမှာ နာရီဝက်ကျော်ရှိနေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: