Monday, December 10, 2012

မကွေးလူထုကို မိန့်ခွန်း အသံဖိုင်

ကျမတို့နိုင်ငံမှာ အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅၀ ကျော် နေလာခဲ့ရတာကြောင့် နိုင်ငံရေးမှာ
ပါဝင်ရကောင်းမှန်း မသိဘူး ...ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင် အစိုးရများဆိုတာ ပြည်သူလုထုကို နိုင်ငံရေးအကြောင်း နားမလည်စေချင်ဘူး...ပြည်သူလူထု နားမလည်မှ အုပ်ချုပ်လို့ ကောင်းတယ်လို့သတ်မှတ်ကြတယ် ....
 
ကျမကတော့ ပြောင်းပြန် စဉ်းစားပါတယ်



မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီး ဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့ မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်း မဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
 

Copy from -DVB TV

0 comments: