လိုင်းခန်းနေ တော်ဝင် အလုပ်သမားမိသားစု နှစ်ခုကို ဦးကိုကိုထွေးက လိုင်းခန်းကနေ အတင်းအဓမ္မ ဖယ်ရှား ခဲ့ပါတယ်။ လင်မယားနှစ်ဦးစလုံး တော်ဝင်ကုမ္ပဏီက အလုပ်သမားတွေ ဖြစ်ပေမယ့် ဇနီးမယားတွေက ဆန္ဒပြ သပိတ်မှောက်တဲ့အထဲမှာ ပါတဲ့အတွက် လိုင်းခန်းကနေ မိသားစု တစ်စုလုံးကို ဖယ်ရှားခဲ့ပါတယ်။
ဒါရိုက်တာ ဦးညွန့်သိန်းရဲ့ ညွှန်ကြားချက်အရလို့ဆိုပြီး ဗိုလ်ကြီးဟောင်း ဦးခင်မောင်သက်က လူအင်အား(၁၀)ယောက်လောက်နဲ့ အလုပ်သမား ဦးသန်းလှရဲ့ ပစ္စည်းတွေ ကို အိမ်ပေါ်က အတင်းဆွဲချပြီး တခြားတနေရာမှာ သွားပုံထားခဲ့ကြပါတယ်။ ဦးသန်းလှရဲ့ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းဟာ ဆန္ဒပြရာမှာ ပါဝင်နေသူ တစ်ဦးပါ။ နောက်ထပ် ဆန္ဒပြရာမှာ ပါဝင်တဲ့ မမြင့်မြင့်မော်ရဲ့ အိမ်ကိုလည်း သူ့အမျိုးသား ဦးဝင်းမြင့် အိမ်မှာမရှိတုန်း အိမ်တံခါးကို သစ်သားပြားနဲ့ အသေ ရိုက်ပိတ် သွားတဲ့အတွက် အိမ်ထဲဝင်လို့မရ ဖြစ်နေပါတယ်။
ပထမတကြိမ် ဆန္ဒပြစဉ်ကတည်းက အိမ်ပေါ်က ဆွဲချဖို့ လုပ်ခဲ့ပါတယ်။ ဒါကို အလုပ်သမား ဒုညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးက ဘာမှမဖြစ်စေရဘူး တာဝန်ယူတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ သူတို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး လက်လွတ်စပယ် ပြောပြန်ပါပြီ ခုံရုံးက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လ ည်း တယောက်နဲ့တယောက် လွှဲချနေပြီး ဘယ်သူမှ တာဝန်ယူ မဖြေရှင်းပေးပြန်ပါဘူး။
ပထမတကြိမ် ဆန္ဒပြစဉ်ကတည်းက အိမ်ပေါ်က ဆွဲချဖို့ လုပ်ခဲ့ပါတယ်။ ဒါကို အလုပ်သမား ဒုညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးက ဘာမှမဖြစ်စေရဘူး တာဝန်ယူတယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ သူတို့နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး လက်လွတ်စပယ် ပြောပြန်ပါပြီ ခုံရုံးက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လ
တော်ဝင် အလုပ်သမးတွေဟာ ခုတော့ မရမ်းကုန်း အလုပ်သမားရုံးရှေ့ကို တခေါက် ပြန်ရောက် နေကြပြန်ပါပြီ...
Kyaw Ni, အင်တာနက်စာမျက်နှာသတင်းမှ
0 comments:
Post a Comment