
ဒီဇင်ဘာလ ၆ ရက်နေ့ညက မန္တလေးတိုင်း ပြင်ဦးလွင်မြို့  စစ်တက္ကသိုလ် တွင် ပြုလုပ်သည့် သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားမှ စတင်ကာ မြန်မာ စစ်တပ်၏ ပွဲတက် ၀တ်စုံကို အပေါ် တွင် အဖြူ – အောက်တွင် အစိမ်းပုပ်ရောင်ဖြင့် စတင် ပြောင်းလဲ ခဲ့သည် ။
ယခင်က မြန်မာ စစ်တပ်၏
ပွဲတက် ၀တ်စုံမှာ ကာကီရောင် ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှ စတင်ကာ နှစ် ၄၀
ကျော်ကြာ အသုံးပြုခဲ့သည်။ ထိုသို့ ပြောင်းလဲ ရခြင်းသည် မြန်မာ စစ်တပ်ကို
ယခင် စစ်အစိုးရ လက်ထက်မှ စစ်တပ် အသွင်အဖြစ် လူထု အမြင်တွင် ပြောင်းလဲ
သွားစေချင် သောကြောင့်ဟု
ကာကွယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦး က FNG ကို ပြောသည်။
ကာကွယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦး က FNG ကို ပြောသည်။
ညစာ စားပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း တက်ရောက်ကာ ပြောင်းလဲ ထားသည့် ညစာ
စားပွဲ ၀တ်စုံသစ်ကို ၀တ်ဆင်ထားသည်။
သင်တန်း ဆင်းပွဲ အခမ်းအနား မိန့်ခွန်း ပြောကြားမှုတွင် ကာကီရောင် မူလ ၀တ်စုံ
ကိုသာ ၀တ်ဆင်ထားသည်။
Copy from - freedomnewsgroup.com
0 comments:
Post a Comment