Sunday, December 30, 2012

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ စကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်...

 
တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခါမှာ ကျနော်တို့က proposal တစ်ခုတင်ထားတယ် ၊ ပထမ အချက်ကတော့ ဒီတိုက်ပွဲတွေ ရပ်အောင် လောလောဆယ် ဘယ်လို ဘယ်လို လုပ်ကြမလဲ ၊ တိုက်ပွဲတွေ မရှိအောင် ဘယ်လို လုပ်မလဲ။ ဒီကိစ္စ ကျနော်တို့  ပြောတာက အဆင့် ၃ ဆင့်နဲ့  ကျနော်တို့ တင်တယ် ၊ ပထမအဆင့် နံပါတ် ၅ မှာကျနော်က၊ အခု နီးနီးကပ်ကပ် ဖြစ်နေတဲ့ တပ်တွေ ခွာထားရမယ်၊ အဲတော့ ဒီတပ်တွေကို ဘယ်လို ခွာမလဲဆိုတဲ့ အပိုင်းကိုဆွေးနွေးဘို့ ကြိုးစားလိုက်တိုင်း အစည်းအဝေးက ပျက်သွားတယ်။
 
ဦးသန်းအောင်တို့နဲ့ ကျနော်တို့ ၃ ကြိမ်ဆွေးနွေးတယ်။ ဦးအောင်သောင်းတို့နဲ့ ၃ ကြိမ်၊ အခု ၀န်ကြီး ဦးအောင်မင်းနဲ့ ၃ ကြိမ် တွေ့ပြီးသွားပြီ။ တပ်တွေ ခွါဖို့ကိစ္စ ဆွေးနွေးမယ်လို့ ပြောလိုက်တိုင်း အစည်းဝေးက ဆက်လုပ်လို့ မရတော့ဘူး။ အဲဒီ လွန်ခဲ့တဲ့ ၃ ကြိမ်စလုံးက အလွတ်သဘော တွေ့ဆုံရတာ ဖြစ်လို့ ၊ နောက် စတုတ္ထ အကြိမ်ကျတော့ ကျနော်တို့က တရားဝင် အစည်းအဝေး လုပ်ရအောင်လို့ အစပျိုး ပြောလိုက်တာနဲ့ သူတို့ဘက်က ဒီဟာက ဘာပြန်ပြောလဲဆို "ဒါ အကြို ညှိနှိုင်းရေး ဖြစ်တယ်" တဲ့။ သို့သော်လည်းဘဲ ဒီ အကြို ညှိနှိုင်းရေး ချည်းဘဲ လုပ်နေတာ ဆိုလို့ရှိရင် အစည်းအဝေးကရှေ့ ကိုတိုးလို့ မရဘူး။
 
အဲတော့ တရားဝင်အစည်းဝေး လုပ်ရအောင်လို့ ကျနော်တို့က တောင်းဆိုတယ် ၊ဒါပေမဲ့ ခုချိန်ထိ တရားဝင် အစည်းဝေးက ဖြစ်မလာဘူး ၊ အလွတ်သဘော ကျနော်တို့ ဗန်းမော်နဲ့ မူဆယ်ကို လာဖို့ ခေါ်တယ်၊ ကျနော်တို့က "အလွတ်သဘော မဟုတ်ဘဲနဲ့ လောလောဆယ် လုပ်နေတဲ့ ရွှေလီမြို့မှာဘဲ တစ်ကြိမ် တရားဝင် အစည်းဝေး လုပ်မယ်၊ မူတစ်ခုချမယ်၊ မူချပြီးရင် မြစ်ကြီးနားမြို့မှာ တရားဝင်အစည်းဝေး နောက်တစ်ကြိမ် လုပ်ရအောင်" လို့ ပြောထားပြီးသား။ မြစ်ကြီးနားမြို့ရဲ့ ဘယ်မှာလုပ်မယ်၊ ဘယ်သူက  တာဝန် ယူမယ်ဆိုတာအစ ကျနော်တို့ ကမ်းလှမ်းထားပြီးသား။ ဒါပေမဲ့ အခုထိ တရားဝင် အစည်းဝေးက ဖြစ်မလာဘူး။

(ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၂ရက်နေ့ အထိ သွားရောက်ခဲ့တဲ့  ကချင်ဒေသ ခရီးစဉ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ စကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်)
 
ခွန်ဒီယမ်း -  အင်တာနက်စာမျက်နှာသတင်းမှ

0 comments: