Wednesday, December 19, 2012

မြန်မာအစိုးရတပ်များ၏ လတ်တလော စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲ ဖြစ်ပွားမှုသတင်း


 

 December 19, 2012 

 ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ဗန်းမော်မြို့မှ စစ်ယာဉ်(၁၂)စီးဖြင့် အင်အား(၃၀၀)ခန့် (တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ဟု ခန့်မှန်း) သည် ကျောက်စခန်း(Hka Wan Bang)သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းစစ်ကြောင်းသည် KIA တပ်မဟာ(၃)ဒေသအတွင်း စစ်ဆင်ရေးပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဗန်းမော်မြို့သို့ သင်္ဘော(၂)စီးဖြင့် ရောက်ရှိလာသော မြန်မာအစိုးရတပ်ဖွဲ့တို့သည် ဗန်းမော်မြို့အခြေစိုက် ခလရ(၂၃၆)တပ်ဝင်းထဲတွင် တိုက်ပွဲဝင်ရန် ပစ်ခတ်တိုက်ခိုက်မှုကို အထူးလေ့ကျင့်နေကြောင်း သိရှိရသည်။ဒေသခံများပြောဆိုချက်အရ ပြည်မ ရှိ စစ်တိုင်းဌာချုပ် တိုင်းမှ ထုတ်နုတ်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၇)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ(၁၄၂)တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ဝင်တို့ ဖက်ကေ(Hpa-ke)ဒေသတွင် တိုက်ပွဲဖြစ်ပွားရာ KIA ၏ မိုင်းဆင်တိုက်ပွဲ၌ ခလရ(၁၄၂)တပ်ဖွဲ့ဝင် များ အများအပြားထိခိုက်ကျဆုံးကြောင်း သိရှိရသည်။
 
Copy from - Myitkyina blog news

 

0 comments: