Saturday, December 22, 2012

ဒီကေဘီအေ တပ်မတော်ကြီးခေတ်မီ ဖွံဖြိုးလာရန်အတွက် ကရင်လူမျိုးများ စည်းလုံး ညီညွှတ်မှု ရှိရမည်ဟု စစ်ဦးစီးချုပ်ပြောကြား


ဆုံးဆည်းမြိုင်၊ ဒီဇင်ဘာ ၂၁။

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယနေ့နံနက် ဒီကေဘီအေ တပ်မတော်နေ့ အခမ်းအနားတွင် ၄င်းတို့၏ တပ်မတော် ကြီးခေတ်မီ ဖွံဖြိုးတိုးတက်လာရန်အတွက် ကရင်လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိစေရန် အရေးကြီးကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။



 



စည်းလုံးညီညွှတ်မှု၏ အင်အားသည် အမျိုးသားထုတစ်ရပ်လုံး စာလောင် မွတ်သိပ်လျက်ရှိသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း တို့ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့အနေဖြင့် အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုရှိစွာဖြင့် ပြည်သူလို လားနေသော ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံး စည်းလုံး ညီညွှတ်မယ်ဆိုရင် ကရင်အမျိုးသားလုံး အတိုင်းအတာနဲ့ အင်အား ရရှိလာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ယနေ့လူကြီးလူငယ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့
စကား တစ်ရပ်ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့အားလုံး မှတ်သား တန်ဖိုးထားသင့်ပါတယ်၊ အဲဒါကတော့ စည်းလုံး ညီညွှတ်ခြင်းသည် အမှန်အင်အားဘဲဖြစ်ပါတယ်” ဟု စစ်ဦးစီးချုပ်က ပြောကြားသည်။

၎င်းကပင် နိုင်ငံခြားအားအထင်ကြီး၍ သွားရောက် လုပ်ကိုင်နေကြသူများကို “ ကျွန်တော်တို့ အားလုံးသိ ထားရမှာက သူ့နိုင်ငံနဲ့ သူ့လူမျိုး အကျိုးကို သူတို့ကိုယ်တိုင် သယ်ပိုးကြိုးစား လုပ်ဆောင်ကြရမှာ ဖြစ်သလို ငါတို့တိုင်းပြည် ငါတို့လူမျိုး လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး အကျိုးအတွက် ငါတို့အားလုံး အမြဲတမ်း အဆင်သင့်ပြင်ဆင်ပြီး မမေ့မလျော့ဘဲ ယုံကြည်မှု အပြည့်အ၀နဲ့ တက်ညီ လက်ညီ ရှေ့ဆက် ကြိုးပမ်းဆောင် ရွက်ကြမယ်ဆိုရင် သူတပါး နိုင်ငံကောင်းသလို ငါတို့နိုင်ငံလဲ ဧကန်မလွဲ ကောင်းလာရမှာပါပဲ၊ သူတို နိုင်ငံကောင်းအောင် သူတို့တည်ဆောက်တဲ့ေ နရာမှာ အရင်းနှီးဟာ အသက်နဲ့သွေး၊ ငါတို့နိုင်ငံ ကောင်းဖိုဆိုလည်း ရင်းနှီးရမှာ အသက်သွေးပဲ” ဟုထပ်မံ ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့် ဆက်လျဉ်း၍ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတစ်ဦး၏ ၁၈ နှစ်ပြည့် ဒီကေဘီအေနေ့အား ပေးပို့သော သ၀ဏ်လွှာတွင် ၄င်းတို့နှင့် ဒီကေဘီအေသည်  တူညီသော ရည်မှန်းချက်များဖြစ်သည့် တန်းတူရေး၊ လွတ်မြောက်ရေး၊ ပါတီစုံဒီမိုကရေစီရေးနှင့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုအရေးတို့ကို နှောက်ယှက်နေသည့် ပြည်သူ့ရန်သူများအား သမိုင်းပေးတာဝန် အရ ပူးပေါင်းဖြေရှင်း ကြရဦးမည် ဟု ပေးပို့ထားကြောင်းသိရသည်။
စူးရှ
သတင်းရင်းမြစ် - မြန်မာ့ခေတ်သတင်း စာမျက်နှာမှ

0 comments: