December 24, 2012
ကိုမောင်ဦးလှိုင် ဆိုသူကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေါ်လာအတု ၄ သိန်းခွဲ၊ လိုင်စင်မဲ့ ကားတစီး၊ ကားနံပတ်များနှင့်အတူ ဖမ်းဆီး ရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မဲဆောက်မြို့ ကမ်းနားပိုင်း ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားများ ရောင်းချသည်
ကိုမောင်ဦးလှိုင်နှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်းခမ်ထာ့စီရီ ဆိုသူကိုလည်း မဲဆောက်ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက် ရှိသည်ဟု ဆိုသည်။
မဲဆောက်ကမ်းနား ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားဝင်းမှ ကားပွဲစား ကိုယူနွတ်က ကိုမောင်ဦးလှိုင်သည် ကားဝင်းသို့ မကြာခဏ ကားလာဝယ်လေ့ရှိပြီး ဘန်ကောက်သို့ သယ်ဆောင်ကာ တဆင့်ပြန်လည် ရောင်းချခြင်း ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုသည်။
မဲဆောက်ရဲဧ။် စစ်ဆေးတွေ့ရှိမှုများထဲတွင် ကိုမောင်ဦးလှိုင်ထံမှ အာဆီယံ သတင်းထောက်များ အသင်းဝင် ကဒ်ပြားတခုကိုလည်း တွေ့ရှိခဲ့သည်
ယခုလ ၆ ရက်နေ့က မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ထိုင်း၊လော၊ ကမ္ဘောဒီးယားနှင့် မြန်မာသတင်းထောက် တချို့ ပါဝင်သည့် အာဆီယံသ တင်းထောက်များ တွေ့ဆုံ မိတ်ဆက်ပွဲတွင် ကိုမောင်ဦးလှိုင်လည်း တက်ရောက်ခဲ့သည်။
Copy from - Irrawaddy
0 comments:
Post a Comment