Wednesday, December 12, 2012

တအာင်း၊ ကချင် စုပေါင်းတပ်နှင့် မြန်မာတပ် ခလရ ၃၂၄ တိုက်ပွဲဖြစ်


 ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်။

KIA တပ်ရင်း (၈) လက်အောက်ခံ ကချင်ပြည်သူ့စစ် - မဟဟ နှင့် TNLA တပ်ရင်း(၁၁၂) တို့၏ စုပေါင်းတပ်ဖွှဲ့င့် မြန်မာတပ်ဖွဲ့ ခမရ ၃၂၄၊ တို့သည် ၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် နံနက် ၁၁ နာရီခွဲ ခန့်မှ စတင်၍ ကွတ်ခိုင်မြို့နယ် လွယ်ဝန်းရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

 မွန်းလွဲ ၁ နာရီထိ တိုင်အောင် လက်နက်ကြီး လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်လျှက်ရှိပြီး ၁ နာရီ ခွဲခန့်အချိန်တွင် မြန်မာစစ်တပ်ဘက်က တပ်ဆုတ်သွားသဖြင့် တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်ဟု တအာင်းတပ်မှူး တဦးက ပြောပြပါသည်။
 
တိုင်းရင်းသား တပ်ပေါင်းစုဘက်မှ ထိခိုက်မှု မရှိဟု ထိုတပ်မှူးက ပြောပြပြီး မြန်မာဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးချေ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: