“ အပင် စိုက်ပျိုးစဉ်ကာလတုန်းက အလွန်အကျွံ သုံးစွဲထားတဲ့ ဓာတုဆေးဝါးတွေကြောင့် ဘေးထွက်ဆိုးကြိုး တစ်ရပ်အဖြစ် ရရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ဖရဲသီးနဲ့ လျှက်ဆားတွဲဘက်၍ စားသင့်မစားသင့် ဆိုတာကိုတော့ စီစစ်ဆဲဖြစ်ပါတယ်”ဟု မုံရွာမြို့ပေါ်ရှိ ကျန်းမာရေး ကွန်ယက်မှ ဆရာဝန် တစ်ဦးက ခန့်မှန်းပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေလက်ဒေသအချို့တွင် တရုတ်နိုင်ငံသားများက မြေယာငှားရမ်း၍ ဖရဲစိုက်ခင်း များစိုက်ပျိုးလျက်ရှိရာ ယင်း အခင်းမှ ထွက်ရှိသော ဖရဲသီးများစားသုံးပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ လျှက်ဆား လျက်ပြီးနောက် အော့အံမူးဝေပြီး အသက်သေဆုံးရသည့် အခြေအနေအထိ ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိကြော င်း မုံရွာခရိုင်၊ ချောင်ဦးမြို့ခံ တစ်ဦးကပြောကြားသည်။
“ကျည်ကုန်းရွာက ကလေးငယ်နှစ်ဦး ဖရဲသီးစားပြီး လျှက်ဆားလျက်ရာက သေဆုံးသွားခဲ့ပါတယ်”ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောပြသည်။
အဆိုပါ ဖရဲသီးစားသုံးပြီး လူသေဆုံးရခြင်းနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် ကျည်ကုန်းကျေးရွာ ဒေသခံတစ် ဦးထံ ဆကိသွယ် မေးမြန်းရာ ၎င်းက “ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်ခန့်က (ဘ) ဦးဝင်းခိုင်၏သား မောင်ကျော်ဇင်လှိုင် အသက်(၆)နှစ်၊ မောင်ကျော်ကျော်ဘို အသက်(၅)နှစ် ဆိုသူကလေး နှစ်ယောက်နဲ့ ဦးသန့်ဇင် ၏သား မောင်မြင့်မြတ်သူ ဆိုသူ ပေါင်းကလေးသူငယ် သုံးယောက်ဟာ ဖရဲသီးတစ်လုံးကို ခွဲဝေစားသောက်ခဲ့ပြီး မကြာခင် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။ နေအိမ်ရှိ စားပွဲပေါ်မှာတင်ထားတဲ့ လျှက်ဆားပုလင်းကို ယူလျှက်ပြီး မူးဝေ အော့အံတာကြောင့် အချိန်မီ ဆေးရုံကိုပို့ဆောင်ပေးခဲ့မဲ့ မောင်ကျော်ကျော်ဘိုနဲ့ မောင်မြင့်မြတ်သူ ဆိုတဲ့ ကလေးနှစ် ယောက်က သေဆုံးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက တုန့်ပြန်ပြောကြားသည်။
တရုတ်နိုင်ငံသား ဖရဲစိုက် တောင်သူအချို့သည် နှစ်စဉ် ဖရဲ၊သခွား စိုက်ပျိုး ရာသီတွင် စစ်ကိုင်းတိုင်းဒေ သကြီး အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်သီးစားစနစ်ဖြင့် မြေငှားရမ်း၍ ဖရဲ၊သခွား များစိုက်ပျိုးကာ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက မြေငှားရမ်းခြင်း စနစ်တွင်ကျယ်ခဲ့ သော်လည်း ယခုနှစ်များတွင် ဖရဲ၊ သခွားစိုက်မြေယာများသည် မြေဆီလွှာ ပျက်စီး ဆုံးရှုံးရသည်ဟု ဆိုကာ မြေယာငှားရမ်းသူ အကြိုက် ဈေးကောင်းပေး၍ ငှားရမ်းသော်လည်း မြေယာငှားရမ်းသူ အလွန်နည်းပါးကြောင်း ချောင်းဦးမြို့နယ် မင်း ခေါင်ကျေးရွာမှ ဖရဲစိုက် တောင်သူတစ်ဦးက ပြောပြသည်။
“ဓာတုဗေဒ မြေဆီလွှာတွေကို တစ်သီးစိုက် ကာလအတွင်း သူတို့က အရမ်းသုံးတာကြောင့် မြေဆီလွှာတွေ ဆုတ်ရုတ်ကုန်တယ်။ သဘောကတော့ဗျာ .. သဘာဝ ရှိသင့်ရှိထိုက်တဲ့ အပင်အရွယ်အစားထက် ပိုပြီး ကြီးထွားအောင် အကူဓာတ်တွေသုံးပြီး စိုက်ပျိုး လိုက်တဲ့အခါ နောက်သီးနှံတွေ စိုက်ပျိုးဖို့အတွက်ကျတော့ မြေဆီလွှာဓာတ် ပျက်စီးမှုတွေကြောင့် အခက်တွေ့ရတယ်”ဟု ၎င်း ဒေသခံက ဆက်လက်၍ ပြောပြသည်။
ယခုလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ဆင်တဲကျေးရွာနေ ဦးစိန်ကုလား၏ ဖရဲစိုက်ခင်းတွင် ဖရဲစိုက်လုပ် သားများ ဖရဲသီးခွဲစားရာမှ ဗိုက်အောင့်ဗိုက်နာ ဖြစ်လာသည့်အတွက် ဒေါ်ထူးထူး လျှက်ဆားလျှက်ပြီးနောက် အချိန်မကြာခင် မူးဝေအော့အံမှုများ ဖြစ်ပွားခဲ့သြ ဖင့် တံတားဦးမြို့နယ် ပေါက်မြိုင်ကျေးရွာနေ (ဘ) ဦးကျော်မြင့်၏ သား ကိုကျော်လွင်အပါအ၀င် လုပ်သား ၁၃ ဦးသည် အရေးပေါ်လူနာအဖြစ် တံတားဦးဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှုခံယူပြီးနောက် ၎င်းဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ပြောင်းရွှေ့တက်ခဲ့ရကြောင်း စစ်ကိုင်းမြို့ခံ တစ်ဦး၏ ဆက်သွယ် ပြောကြားချက်များအရ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေလက်ဒေသအချို့တွင် တရုတ်နိုင်ငံသားများက မြေယာငှားရမ်း၍ ဖရဲစိုက်ခင်း များစိုက်ပျိုးလျက်ရှိရာ ယင်း အခင်းမှ ထွက်ရှိသော ဖရဲသီးများစားသုံးပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ လျှက်ဆား လျက်ပြီးနောက် အော့အံမူးဝေပြီး အသက်သေဆုံးရသည့် အခြေအနေအထိ ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိကြော
“ကျည်ကုန်းရွာက ကလေးငယ်နှစ်ဦး ဖရဲသီးစားပြီး လျှက်ဆားလျက်ရာက သေဆုံးသွားခဲ့ပါတယ်”ဟု ၎င်း မြို့ခံက ဆက်လက်၍ ပြောပြသည်။
အဆိုပါ ဖရဲသီးစားသုံးပြီး လူသေဆုံးရခြင်းနှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် ကျည်ကုန်းကျေးရွာ ဒေသခံတစ် ဦးထံ ဆကိသွယ် မေးမြန်းရာ ၎င်းက “ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်ခန့်က (ဘ) ဦးဝင်းခိုင်၏သား မောင်ကျော်ဇင်လှိုင် အသက်(၆)နှစ်၊ မောင်ကျော်ကျော်ဘို အသက်(၅)နှစ် ဆိုသူကလေး နှစ်ယောက်နဲ့ ဦးသန့်ဇင် ၏သား မောင်မြင့်မြတ်သူ ဆိုသူ ပေါင်းကလေးသူငယ် သုံးယောက်ဟာ ဖရဲသီးတစ်လုံးကို ခွဲဝေစားသောက်ခဲ့ပြီး မကြာခင် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။ နေအိမ်ရှိ စားပွဲပေါ်မှာတင်ထားတဲ့ လျှက်ဆားပုလင်းကို ယူလျှက်ပြီး မူးဝေ အော့အံတာကြောင့် အချိန်မီ ဆေးရုံကိုပို့ဆောင်ပေးခ
တရုတ်နိုင်ငံသား ဖရဲစိုက် တောင်သူအချို့သည် နှစ်စဉ် ဖရဲ၊သခွား စိုက်ပျိုး ရာသီတွင် စစ်ကိုင်းတိုင်းဒေ သကြီး အတွင်းရှိ ကျေးလက်ဒေသများတွင် တစ်သီးစားစနစ်ဖြင့် မြေငှားရမ်း၍ ဖရဲ၊သခွား များစိုက်ပျိုးကာ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလေ့ရှိကြောင်း၊ ယခင်နှစ်များက မြေငှားရမ်းခြင်း စနစ်တွင်ကျယ်ခဲ
“ဓာတုဗေဒ မြေဆီလွှာတွေကို တစ်သီးစိုက် ကာလအတွင်း သူတို့က အရမ်းသုံးတာကြောင့် မြေဆီလွှာတွေ ဆုတ်ရုတ်ကုန်တယ်။ သဘောကတော့ဗျာ .. သဘာဝ ရှိသင့်ရှိထိုက်တဲ့ အပင်အရွယ်အစားထက် ပိုပြီး ကြီးထွားအောင် အကူဓာတ်တွေသုံးပြီး စိုက်ပျိုး လိုက်တဲ့အခါ နောက်သီးနှံတွေ စိုက်ပျိုးဖို့အတ
ယခုလ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ဆင်တဲကျေးရွာနေ ဦးစိန်ကုလား၏ ဖရဲစိုက်ခင်းတွင် ဖရဲစိုက်လုပ် သားများ ဖရဲသီးခွဲစားရာမှ ဗိုက်အောင့်ဗိုက်နာ ဖြစ်လာသည့်အတ
Monywa Times fb cp
အင်တာနက်စာမျက်နှာသတင်း
0 comments:
Post a Comment