ထိုင်းငါးဖမ်းလှေများပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို မူးယစ်ဆေးဝါးများ ကျွေး၍ အဓမ္မ ခိုင်းစေခြင်းများ ရှိနေကြောင်း နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးရာလျန်မုန်းက ပြောသည်။
ထိုင်းငါးဖမ်း လှေများပေါ်တွင် အဓမ္မ လုပ်အား ခိုင်းစေခြင်းခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည
''ထိုင်း ငါးဖမ်းလှေတွေပေါ် မှာ မြန်မာအလုပ်သမား သိန်းချီပြီး ရှိတယ်။ စိတ်ကြွဆေးတွေ ကျွေးပြီး တစ်နေ့ကို နာရီ ၂ဝ အထိ အဓမ္မ ခိုင်းစေခြင်း ခံရတယ်။ တချို့အလုပ် မလုပ်နိုင်တော့ရင် ငါးစာကျွေးတဲ့ အနေနဲ့ ပင်လယ်ထဲကိုပ စ်ချတာမျိုး တွေရှိတော့ မြန်မာအလုပ်သမားတွေ ပင်လယ်ထဲမှာ အသက် ဆုံးရှုံးကြရ တယ်'' ဟု ဦးရာလျန်မုန်းက ပြောသည်။
ထိုင်း ငါးဖမ်းလှေများပေါ်တွင် နှစ်ကာလရှည်စွာ ခိုင်းစေခြင်းနှင့် လုပ်အားခ မရခြင်းကြောင့် ကမ်းစပ် သို့ ကူးခတ် ထွက်ပြေးလာသူများ ရှိနေကြောင်း၊ တချို့မှာ ပင်လယ်ထဲ တွင် ရေမကူးတတ်သဖြင့် ရေနစ် သေဆုံး ရကြောင်း သိရသည်။
''တချို့ ထွက်ပြေးလွတ် မြောက်လာတဲ့ မြန်မာအလုပ်သမားတွေ ဆီကသတင်းရပြီး လှေပေါ်မှာ ပိတ်မိပြီး ကျန်နေတဲ့သူတွေကို နှစ်နိုင်ငံ ညှိနှိုင်းကယ်ခဲ့ရတယ်''ဟု နိုင်ငံဖြတ် ကျော်လူကုန်ကူးမှု တားဆီးရေးအ ဖွဲ့၏ ဒုတိယရဲမှူးကြီးက ပြောသည်။
ထိုင်းအစိုးရ၏ ဖမ်းဆီးပြည်နှင် မှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းကျော် ထိုင်းနယ်စပ်တွင် ရောက်ရှိနေကြောင်း၊ ထိုင်းနိုင်ငံအ တွင်းကျန်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
Copy from - Messenger News Journal
0 comments:
Post a Comment