Friday, December 14, 2012

တအာင်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၅ ဦး ထိခိုက်ကျဆုံး


၁၃ ရက် ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်

၁၃ ရက် ဒီဇင်ဘာလ ညနေ ၅ နာရီခန့်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် ကွတ်ခိုင်မြို့နယ် အခြေစိုက် တပ်ရင်း ၁၁၂ နှင့် မြန်မာတပ်ဖွဲ့ ခလရ ၁၂၃၊ ၂၄၁ တို့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနီးရှိ လုမ်ကမ် ကျေးရွာ နှင့် နမ့်ကျိုး ချောင်းသတ္တုစက်ရုံ အကြား တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာတပ်ဖွဲ့ဖက်မှ ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၃ ဦး ဒါဏ်ရာ အပြင်းအထန် ရရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။
 
တအာင်းတပ်ဖွဲ့ တပ်ရင်း ၁၁၂ တို့ခေတ္တအခြေစိုက်ရာတောင်အနီးသို့တက်လာသော မြန်မာတပ်ဖွဲ့ မှာ တအာင်းတပ်ဖွဲ့တို့ ထောင်ထားသည့် မိုင်း ၃ လုံးထိခိုက် ပေါက်ကွဲပြီး တိုက်ပွဲ စတင်ပစ်ခတ် နေသည်ဟု တအာင်း တပ်မှူး တဦးကပြောပြသည်။
 
မြန်မာဘက်မှ ထိခိုက်ကျဆုံးခဲ့ သည်ကို တအာင်း ရဲဘော်များကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟု ထိုတပ်မှူးက ဆက်ပြောပါသည်။ တအာင်းတပ်ဖွဲ့ဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်းသိရှိရပါသည်။
 
“မိုးချုပ်ခါနီး မိုင်း သုံးလုံးကွဲသံကြားပြီးနောက် လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက် ထွက်လာတာ ပါပဲ။ ၆ နာရီခွဲ ၇ နာရီလောက်ရောက်တော့ တိုက်ပွဲပြီးသွားတယ်။ အသံမကြားရတော့ဘူး။” ဟု အမည်မဖော်လိုသူ လူမ်ကမ် ရွာသားတဦးပြောပြသည်။
 
“ညနေစောင်းမှ မိုင်းယုလေးဘက်နေ ဗမာတပ်တွေ လူမ်ကမ် ဘက်ကိုတက်လာတာ။ သာပန်းကုန်းဘက် အားသွားဖြည့်မယ်လို့ ပြောတာပဲ။ အဲတာ လူမ်ကမ်ရွာ မရောက်ခင်ပဲ တအာင်းတပ်က လမ်းမှာစောင့်တိုက် လိုက်တယ်လေ။” ဟု ယင်းက ဆက်လက်ပြောပြသည်။
 
၁၁ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် တွင်လည်း နံနက် ၁၁ နာရီ ခန့်မှ နေ့လယ် ၂ နာရီခန့်ထိ နမ့်ခမ်းမြို့နယ် သာပန်းကုန်းရှောက်ပန်းကုန်းတောင်တွင် တအာင်းတပ်ဖွဲ့ ၁၁၂ တပ်ရင်းနှင့် ကေအိုင်အေ တပ်ရင်း ၈ တို့ ပူးပေါင်းသည့်တပ်ဖွဲ့နှင့် မြန်မာတပ်တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: