အထွေထွေ သပိတ်စတင်သည့် ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၃း၀၀ နာရီဝန်းကျင်မှာ ငွေကြာယံကျောင်းတိုက်မှ သံဃာတော်များနှင့် ဒေါ်နော်အုန်းလှနှင့်အတူ ဆန္ဒတူ လူ ၁၀ ဦးခန့် ပူးပေါင်းကာ ဗဟန်း ကြေးသွန်းဘုရားကြီးမှ စတင်၍ ချီတက်ဆန္ဒပြ လမ်းလျှောက်ခဲ့ကြပါသည်။ အာဏာပိုင်များဘက်မှ ကန့်ကွက်တားဆီးသည်များ ရှိသော်လည်း မြေနီကုန်း ကိုးထပ်ကြီးဘုရားအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ညနေ ၄း၃၀ နာရီခွဲ ၀န်းကျင်မှာ ပြီးဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။
Copy from - BurmaVJMedia
0 comments:
Post a Comment