Saturday, December 15, 2012

လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော်များအား အစိုးရ ၀န်ချတောင်းပန်

လက်ပံတောင်း ကြေးနီတောင်ကိစ္စကြောင့် ဒဏ်ရာရ သံဃာတော်များအား အစိုးရ ၀န်ချတောင်းပန်မှု သံဃာအချို့ကျေနပ် 
မန္တလေး၊ ဒီဇင်ဘာ၁၅။ 
 
နိုင်ငံတော်အစိုးရ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ပံတောင်း ကြေးနီတောင် ကိစ္စကြောင့် ဒဏ်ရာရ သံဃာတော်များအား ၀န်ချ တောင်းပန်ခြင်း အခမ်းအနားကို ယနေ့ ဒီဇင်ဘာ၁၅ရက် မွန်းလွဲ ၁နာရီ၌ မန္တလေးမြို့ မဟာအသုလဝေ ယန်(အတုမရှိ) ကျောင်းတော် ကြီးတွင်ပြုလုပ် ခဲ့ကြောင်း သိရသည်။ 
 
 
အခမ်းအနားသို့ မုံရွာမြို့မှ ထခိုက်ဒဏ်ရာရ သံဃာတော် ၈၈ပါး၊ ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေရသော သံဃာတော်များ အပါအ၀င် သံဃာတော် အပါး ၁၅၀ ခန့်တက်ရောက် ခဲ့ကြပြီး အစိုးရပိုင်းမှ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးလှထွန်း၊ ကျန်းမာရေး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်၊ ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီး ရဲချုပ်ဦးကျော်ကျော်ထွန်း၊ မန္ထလေးတိုင်းဒေသေကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေတို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။ 
 
ထိုကဲ့သို့ နိုင်ငံတော်အဆင့်ဝ န်ချတောင်းပန်မှုနှင့် ပတ်သက်၍ ဘ၀အလင်းဆရာတော် ဦးသောဘိတ က “အရင်တုန်းကတော့ မုံရွာမှာ တောင်းပန်တယ်၊ ရန်ကုန်မှာလည်း တောင်း ပန်တယ်၊ အဲဒီတုန်းက မသက်ဆိုင်တဲ့ သူတွေကို မသက်ဆိုင်တဲ့ သူတွေက တောင်းပန်တာ ဖြစ်တယ်လို့ သတ်မှတ်ထားတယ်၊ အဲဒီလိုတုန်းကတော့ မကျေလည်နိုင်ဘူး၊ အခု ဦးအောင်မင်း မပါပေမယ့် နိုင်ငံတော်အဆင့် အနေနဲ့ ပြည်ထောင် စုဝန်ကြီး ဦးလှထွန်းတို့က ဒဏ်ရာရ ကိုယ်တော်တွေကို တောင်းပန်တယ် ဆိုတော့ တောင်းပန်တဲ့ ကိစ္စပြီးပြီလို့ သတ်မှတ်ရပါမယ်။ ကျန်တဲ့ လက်ပံတောင်းတောင် ကိစ္စကိုတော့ ဒေါ်အောင်းဆန်းစုကြည်ရဲ့ စုံစမ်းရေးကော်မရှင် ဆုံးဖြတ် ချက်ကိုစောင့်ကြည့်ဦးမယ်” ဟု မြန်မာ့ခေတ်သို့ မိန့်ကြားခဲ့သည်။
မျိုးသန့်၊ စူးရှ
ဓာတ်ပုံ - မျိုးသန့်
 
Copy from - The Myanma Age

0 comments: