Monday, December 31, 2012

ဒုက္ခသည် ကချင်တိုင်းရင်းသား ရင်ဖွင့်သံ...

Photo by- Nik Nayman
 

မနေ့က ကချင် တိုင်းရင်းသားတွေရဲ့ စကားသံ ဖုန်းနဲ့ နာလိုက်ရတယ်... ကျမတို့ ကချင်ပြည်သူတွေဟာ ဗမာ လူမျိုးစုထဲမှာ ပါသေးရဲ့လား ... လူမျိုးစု တိုင်းရင်းသားလို့ရော သတ်မှတ်ပါသေးရဲ့လား ...

ကချင်တွေကို လူမျိုးစုထဲမှာလို မသတ်မှတ်ပဲ ကျူးကျော်သူတွေလို  ဒီလိုတဖက်သတ် ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေဟာ ဘာကြောင့်များပါလဲ နောက်ပီး သမ္မတကြီးကရော ဘယ်သူ့ရဲ့သမ္မတလဲ ကျမတို့ အရမ်းကြောက်နေရတယ်.. ဝေဟင်ရော မြေပြင်ကပါဒီလို စစ်တွေ ထိုးနှက်နေတာဟာ ကျမတို့ကို
သွေးပျက်စေတယ် ကြောက်လန့်တကြား ခိုကိုးရာမဲ့စိတ်တွေ ၀င်စေတယ် လူသားချင်း စာနာထောက်ထား မှု ဆိုင်ရာအကူ အညီတွေ တခုမှမရရှိဘဲ ကျမတို့ဟာ ဒုက္ခတွေ ကြုံတွေ့နေရတယ် ကျမတို့ လူ့အခွင့်အရေး လည်း မသိတော့ဘူး .. လွပ်လပ်ခွင့်လည်း မသိတော့ဘူး ဘာဆိုဘာမှ မသိတော့ဘဲ အကြောက်တရား သာ ဖြစ်ပေါ်နေပါတယ်လို့ ဖွင့်ဟခဲ့တယ် ဒီစစ်ပွဲကြီး ရပ်တန့်ဖို့ အားလုံး ၀ိုင်းပီး သမ္မတကို ပြောပေးကြပါလို့ လည်း ပြောရှာတယ် ..

ကျနော် အသံဖမ်းစက်ကလေး အဆုံးမှာ မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်.....

ကြယ်နီ အင်တာနက်စာမျက်နှာမှကူးယူခဲ့ပါသည်။

0 comments: