Dec 29, 2012
၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်ကို အသုဘချ လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှု ၁ လပြည့် အထိမ်းအမှတ် အနေနဲ့ ယနေ့နေ့ညနေ ၄ နာရီလောက်က ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒထုတ်ဖော်သူ အယောက် ၂၀ လောက်ဟာ ရန်ကုန်မြို့ ဆူးလေဘုရားအနီး လက်ရွေးစင် လ္ဘက်ရည်ဆိုင်ရှေ့ကနေ အနော်ရထာလမ်းအတိုင်း ၅၁ လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရှေ့ကိုချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒထုတ်ဖော်ရာမှာ ၂၀၀၈ ဖွှဲ့စည်းပုံနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ကို အခေါင်း၂လုံး နဲ့ အသုဘချမှု ပုံစံ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်မှုကို ညနေ ၅ နာရီလောက်မှ အဆုံးသက်ခဲ့ကြပါတယ်။
Copy from - BurmaVJMedia
0 comments:
Post a Comment