
December 18, 2012
ကားမိုင်းမြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီ အချိန်တွင် KIA တပ်ဖွဲ့က လာရောက် သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးကာ လက်နက်မျိုးစုံ(၂၀)လက်ကို သိမ်းဆည်းရ ကြောင်း သိရှိရသည်။ အချုပ်ခန်းတွင် မတရား ချုပ်နှောင်ခံထားရသူများနှ င့် အချုပ်သားများကိုလည်း လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ကားမိုင်းမြို့ရဲစခန်းသည် ခရီးသွား ကချင်အမျိုးသားများကို လိုသည်ထက် ပို၍ စစ်ဆေးမေးမြန်းကာ မသင်္ကာသူ အဖြစ် ဖမ်းဆီး ချုပ်နှောင်ခြင်း ပြုလုပ်လျက် ရှိသည်သာမက ဒေသခံ ကချင်ရွာသားများကိုလည်း KIA တပ်ဖွဲ့ဝင် ဖြစ်သည်၊ KIA တပ်ဖွဲ့ဝင်၏ေ ဆွမျိုးများဖြစ်သည် ဟု ဆိုကာ မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ချုပ်နှောင်ခြင်းကို အစဉ်ပြုလုပ်နေသော ရဲစခန်းဖြစ်သည်။
ဖားကန့် ခရီးသွားပြည်သူများနှင့် ကျောက်ကုန်သည်များထံမှ ငွေကြေးကို နည်းနာ အမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုး စုံတပ်ကာ တရားဝင် ဆက်ကြေးကောက်ခံရာတွင် နာမည်ကြီးသည်။ ရရှိလာသော ငွေကြေးများကို မြို့နယ်မှူး၊ ခရိုင်ရဲမှူး နှင့် ပြည်နယ်ရဲမှူး အထိ အဆင့်ဆင့် ခွဲဝေပေးနေရသော တာဝန်
ကိုလည်း ထမ်းဆောင် နေရသည်။
Copy from - Myitkyina news
ကိုလည်း ထမ်းဆောင် နေရသည်။
ကားမိုင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူများ နှင့်လည်း ကားမိုင်းမြို့ ရဲတပ်ဖွဲ့ဝင်များ ဆက်စပ် ပါဝင်လျက်ရှိသဖြင့် ဒေသခံ လူငယ်၊ လူရွယ်၊ လူအို၊ အမျိုးသမီး များပါ မူးယစ်ဆေးဝါးကို ယဉ်ပါးစွာ သုံးစွဲနေကြသည်။ မိသားစုတိုင်းသည် မူးယစ်ဆေးဝါး၏ ကျိန်စာ ဒဏ်ကို ခံစားနေရသည်မှာ ကြာမြှင့်နေပြီ ဖြစ်သည်။
Copy from - Myitkyina news
0 comments:
Post a Comment