
တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အာဏာရှင် သမ္မတဖြစ်တဲ့ (ပတ်ချုံဟီး Park Chung Hee 1963 to 1979) ရဲ့ သမီးဖြစ်သူ (ပတ်ခ်ဂွမ်းဟေး)ကို ကိုရီးယားပြည်သူတွေက သမ္မတအဖြစ် မနေ့က မဲပေးရွေးချယ် လိုက်ပါတယ်။
ထူးခြားတာက အသက်(၆၀)ရှိပြီဖြစ်တဲ့ (ပတ်ဂွမ်းဟေး)ဟာ အိမ်ထောင် မရှိတဲ့ အပျိုကြီးတဦး ဖြစ်ပါတယ်။
(ပတ်ဂွမ်းဟေး)ဟာ Saenuri ပါတီဥက္ကဌဖြစ်ပြီး သူ့ရဲ့ Saenuri Party ကို ၂၀၁၁ခုနှစ် မတိုင်ခင်က Grand National Party (GNP)ပါတီလို့ အမည်ပေး ခဲ့ပါတယ်။ ရှေးရိုးစွဲပါတီလို့ လူသိများတယ်။
တောင်ကိုရီးယား လက်ဝဲ နိုင်ငံရေးသမားတွေက ပတ်ခ်-ကို "Notebook Princess" (수첩공주)လို့ ခေါ်ကြတယ်။ သဘောက သူဟာ ရွှေလင်ပန်း နဲ့ မွေးလာသူ ၊ သမ္မတ သမီးအဖြစ် ရာဇ၀င်မှာ မှတ်တမ်း တင်ခံရသူ နိုင်ငံရေး အရ အခွင့်ထူးခံ လူသားလို့ ပြောနေတာပါ။ မြောက်ကိုရီးယား နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ သူ့ကို Ice Princess (얼음공주)လို့ ခေါ်ကြ ပါတယ်။ ဒါက သူ့ရဲ့အသက်မပါတဲ့ အေးစက်စက် လှုပ်ရှား တုန့်ပြန်မှုတွေပေါ် အခြေခံပြီး ဝေဖန်ကြတာပါ။
(ပတ်ဂွမ်းဟေး)ကို သမ္မတ(ပတ်ချုံဟီး)ရဲ့ သမီးဦးအဖြစ် ၁၉၅၂ခု ဖေဖေါ်ဝါရီ (၂)ရက်နေ့ ဒေးဂူးဆိုတဲ့ ဒေသမှာ မွေးဖွါးခဲ့ပါတယ်။ ညီမတယောက် မောင် တယောက် ရှိပါတယ်။ အဖေသမ္မတ ပတ်ချုံဟီးလဲ အလုပ်ကြံခံ သေဆုံးခဲ့ရ သလို အမေဖြစ်သူ Yuk Young-soo ယုံးဆိုးဟာလဲ မြောက်ကိုရီးယားရဲ့ ခိုင်းစေမှုအရ ဂျပန်နိုင်ငံဖွါး ကိုရီးယားလူသတ်သမား Mun Se-gwang ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူပါ။ သူ့ဖခင်ကိုတော့ KIA Korean Intelligent Agency ကိုရီးယားထောက်လှမ်းရေး တွေကပဲ
ပစ်သတ်ခဲ့တာပါ။
ဆိုးလ်မြို့ Seongsim ကျောင်းကနေ ၁၉၇၀မှာ အထက်တန်းအောင်တယ်။ ၁၉၇၄မှာ ဆိုးဂမ်း Sogang တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့တယ်။ အဲဒီနောက် Grenoble တက္ကသိုလ်မှာ ပညာဆက်သင်နေတုန်း မိခင်ဖြစ်သူ အလုပ်ကြံခံရလို့ ပြင်သစ်နိုင်ငံကို ထွက်ခွါဖို့ အကြောင်းဖန်လာ တာနဲ့ပဲ သူ့ပညာရေးကို ခေတ္တရပ်နားခဲ့တယ်။ ဒါပေမယ့် သူ့ကို ထိုင်ဝမ်နိုင်ငံ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်ခဲ့သလို ၊ တောင်ကိုရီးယားက ဖူချောင်းအမျိုးသားတက္ကသိုလ်
(ပတ်ဂွမ်းဟေး)ရဲ့ နိုင်ငံရေးဖြတ်သန်းမှု ပြောပါဆိုရင် GNPပါတီမှာ ဒေသ ဆိုင်ရာ ပါတီခေါင်းဆောင်အဆင့်ကနေ ပါတီရဲ့ဥက္ကဌနေရာအထိ ၁၉၉၈ ကနေ ၂၀၀၆ခုနှစ်ထိ အဆင့်ဆင့် အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်
၂၀၀၆ မေလ မဲဆွယ်ပွဲတခုမှာ ကိုရီးယားရာဇ၀တ်ကောင်တဦးက ပတ်ခ်ရဲ့ မျက်နှာကို ဓါးနဲ့ဝင်ခုတ်လို့ ၁၁ စင်တီမီတာရှိတဲ့ ဒဏ်ရာ မျက်နှာမှာရခဲ့ပြီး ခွဲစိတ်ကုသခံရပါတယ်။ ၂၀၀၈ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲ ၀င်ခဲ့ပြီး သမ္မတဖြစ်သွားတဲ့ အီမြောင်ဘတ်ကို ရှုံးခဲ့ရတယ်။ ၂၀၁၁မှာတော့ New Frontier လို့ အဓိပါယ်ရတဲ့ Saenuri ပါတီဥက္ကဌ ဖြစ်လာပါတယ်။
သူရဲ့ ရွေးကောက်ပွဲ မဲဆွယ် ကြွေးကြော်သံကတော့ ဈေးကွက်စိးပွါးရေး ဗဟိုပြုတဲ့ နိုင်ငံရေး ရပ်တည်ချက်ဖြစ်ပြီး ၂၀၀၈ရွေးကောက်ပွဲမှာ သူပြော ခဲ့တဲ့ အခွန်လျှော့ချ ဖြတ်တောက်ရေး၊ အားကောင်းတဲ့ တရားဥပဒေစိုးမိုးရေး ထူထောင်ဖို့ အစိုးရယန္တယားလည်ပတ်မှုတွေမှာ
မနေ့က ရွေးကောက်ပွဲမှာ (ပတ်ဂွမ်းဟေး)ရဲ့အဓိက ပြိုင်ဖက်ကတော့ လူ့အခွင့်အရေး ရှေ့နေ မွန်းဂျယ်အင်း Moon Jae-in ဖြစ်ပါတယ်။ ပတ်ခ်က မဲအားလုံးရဲ့ ၅၁.၆ %ကျော်ရပြီး မွန်းကတော့ ၄၈%ပဲ ရပါတယ်။
ပထဝီနိုင်ငံရေးအရ အရှေ့အာရှမှာ ခေါင်းအခဲရဆုံးနိုင်ငံဖြစ်တ
ကိုးကား - http://en.wikipedia.org/
0 comments:
Post a Comment