Monday, December 17, 2012

၂၀၁၂ ခုနှစ် ဂျပန်ရွေးကောက်ပွဲ အယ်လ်ဒီပီ ပါတီ အနိုင်ရရှိ

တရုတ်ကို ကြမ်းကြမ်းတမ်းတမ်း ပဲ ဆက်ဆံ မယ့် လက်ယာ အမျိုး သားရေးဝါဒီ ရှင်ဇို အဘေး ဂျပန် ရွေးကောက် ပွဲ မှာ အနိုင်ရ


တရုတ် နိုင်ငံ နဲ့  ပတ်သက် ပြီး နယ်နမိတ် အငြင်း ပွား မှုပြဿနာ တွေ မှာ တင်းတင်းမာမာ နဲ့  ဆက်ဆံ သွား မှာ ဖြစ် ပြီး စစ်ပြီး က တည်း က ဂျပန်နိုင်ငံ က ထား ရှိ တဲ့ ခဲ့တဲ့ငြိမ်းချမ်းစွာ နေလိုတဲ့ နိုင်ငံခြားရေး မူဝါဒ ကို လည်း ပြန်လည် ပြင်ဆင်

Read More - http://wp.me/pozkf-7R2
FNG
တရုတ်ကို ကြမ်းကြမ်းတမ်းတမ်းပဲ ဆက်ဆံမယ့် လက်ယာ အမျိုးသားရေးဝါဒီ ရှင်ဇိုအဘေး ဂျပန် ရွေးကောက်ပွဲမှာ အနိုင်ရ၊ Photo by FNG
 
၂၀၁၂ ခုနှစ် ဂျပန်နိုင်ငံ ရွေးကောက်ပွဲတွင် လစ်ဘရယ် ဒီမိုကရက်ပါတီ (အယ်လ်ဒီပီ)က ပါလီမန်တွင် အမတ်နေရာ အများစုကို ရရှိကာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အယ်လ်ဒီပီသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၄၈၀ နှင့် အထက်လွှတ်တော်တွင် ၂၉၄ နေရာရရှိ၍ လက်ရှိ အာဏာရဒီမိုကရက် တစ်ပါတီမှာမူ အမတ်နေရာ ၅ရ နေရာနှင့် ပြတ်ပြတ် သားသားပင် အရေးနိမ့်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အယ်လ်ဒီပီပါတီသည် ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်းကတည်းက ဂျပန်နိုင်ငံကို ဦးဆောင်ခဲ့သည့် အရှိန်အဝါကြီးမားသော ပါတီဖြစ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေး ဆုတ်ယုတ်ကျဆင်း လာမှုကြောင့် အာဏာလက် လွတ်ခံရသည့် ပါတီဖြစ်သည်။

အနိုင်ရရှိသော အယ်လ်ဒီပီပါတီ ခေါင်းဆောင်ရှင် ဇိုအာဘေးက ပါတီ၏ အောင်ပွဲရယူနိုင်မှုက နိုင်ငံကို ဦးဆောင် ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ရှေ့တွင် ခက်ခဲကြမ်းတမ်းသော လမ်းကို ဖြတ်ကျော်လျှောက် လှမ်းရမည် ဖြစ်သည့်အတွက် လွယ်ကူမှုရှိမည် မဟုတ်သော်လည်း ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသော နိုင်ငံ၏ စီးပွားရေးနှင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပျက်ပြားနေမှုအတွင်း ယိုင်နဲ့နေသော အမျိုးသားလုံခြုံရေးကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အောင်ပွဲခံ မိန့်ခွန်းတစ်ရပ်ကို ပြောကြား သွားခဲ့သည်ဟု သိရသည်။

Copy from - Yangon Media Group

0 comments: