
ဒီဇင်ဘာလ(၁)ရက်နေ့မှ စတင်၍ ပန်ဝါဒေသ နယ်ခြား မှတ်တိုင်(၅ ၊ ၆)ဒေသသို့ မြန်မာအစိုးရစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နေ့စဉ် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ၊ နယ်ခြားစောင့် တပ်ရင်း(၁၀၀၁) (၁၀၀၂) တပ်ဖွဲ့ဝင် များအပြင် တပ်မ(၈၈) လက်အောက်ခံတပ်ရင်းများဖြင့် KIA အမြစ်ပြတ် ချေမှုန်းရေးထိုးစစ်ကို ဆင်နွဲနေခြင်းဖြစ် သည်။
ကြည်းကြောင်း စစ်ဆင်ရေးအပြင် လေကြောင်း အကူအညီကိုပါ အသုံးပြု စစ်ဆင်ခဲ့ရာ၊ ယခုအချိန်အထိ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးဖြင့် ကြိမ်ဖန်များစွာ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပါဝင်ကူညီတိုက်ခိုက် လျက်ရှိသည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ရရှိသောသတင်းများအရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ဆွယ် ဆေးရုံတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိ၍ ကုသခံနေရသော မြန်မာအစိုးရ တပ်ဖွဲ့ဝင်အရာရှိ(၇)ဦး အပါအ၀င် အားလုံးပေါင်း (၆၇)ဦး ရှိကြောင်း တပ်ဆွယ် ဆေးရုံ ဆေးတပ်သားမှ တဆင့် သိရှိရသည်။
၎င်းထဲတွင် ဒုတိယတပ်ရင်းမှူး တစ်ဦး ပါရှိကြောင်း သိရှိရသည်။ ဒဏ်ရာမပြင်းထန်သော အချို့တပ်ဖွဲ့များနှင့် အောက်ခြေအဆင့်တပ်ဖွဲ့ဝင် သည် ချီဖွေမြို့ဆေးရုံ နှင့် ပန်ဝါမြို့ဆေးရုံ တွင် ကုသခံယူလျက်ရှိကြောင်း သိရှိရသည်။ စစ်မြေပြင်တွင် ကျဆုံးသွားသော တပ်ဖွဲ့ဝင်များလည်း အများအပြားရှိကြောင်း သိရှိရသည်။
COPY FROM - Jade Land
0 comments:
Post a Comment