
ထုတ်ပြန်ကြေညာချက်
စတုတ္ထ အကြိမ်မြောက် အညတရ သူရဲကောင်းဆု အတွက် တိုင်းပြည်နှင့် လူမျိုးအကျိုး စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသူ အောက်ပါပုဂ္ဂိုလ်(၅) ဦးအား အညတရ သူရဲကောင်း ဆုရှင်များအဖြစ် အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
- မဖြူ (ခ) မချောစုလှိုင်
- ကိုနိုင်စိုး (ခ) မဲလုံး (AASYC - ရခိုင်လူငယ်ကျောင်းသားအဖွဲ့) ပခုက္ကူထောင် ။
- ကိုအောင်သီဟ (ခ) ကိုအောင်လှိုင်ဝင်း (ABSDF )
- ဦးစိုးမြင့် (ခ) ဆရာစိုး (UG)
- ကိုသန်းထိုက်အောင် (ခ) ကြက်ဖကြီး (NLD) (ကွယ်လွန်)
ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်)၌ ကျင်းပ ပြုလုပ်ရန်ရှိသော အမျိုးသားအောင်ပွဲနေ့ (၈.၁၂.၂၀၁၂) အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။
ဆုရှင် တဦးအတွက် ဆုငွေ ကျပ် (၁၀) သိန်း နှင့်အတူ အညတရ သူရဲကောင်းဆုကော်မတီ အမှတ်တံဆိပ် ပါ ဆုတံဆိပ် တခုကိုပါ ပေးအပ် ချီးမြှင့်သွားမည်ဖြစ် ပါသည်။
ဆုရှင်များအား အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီးနှင့် သူရသတ္တိရှင် ဟံသာဝတီ ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေး ကော်မတီ နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကော်မတီ တို့က ပူးပေါင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
အညတရသူရဲကောင်းဆုကော်မတီ
တိုကျို၊ဂျပန်။၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်။
အညတရသူရဲကောင်း ဆုရှင်များ၏ ကိုယ်ရေးအကျဉ်း
0 comments:
Post a Comment