“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရ လုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတရားဆိုတာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာအတွက် ကျေးဇူးတင်တာ မမှားပါဘူး။
ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ ဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရထိုက်ပိုင်ခွင့်တွေ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထု ပိုင်တဲ့ ငွေဖြစ်တယ် ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။
ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လားဆိုတာကို ဆင်ခြင်ကြပါ။ တချို့ကျတော့ နိုင်ငံတော်ရဲ့ပိုက်ဆံ ထုတ်သုံး ပြီးတော့ ကိုယ်တိုင် လုပ်ပေးနေသလိုမျိုး ပုံစံထုတ်တာမျိုး ရှိသေးတယ်။ ဒါတွေကို ဘယ်တော့မှ လျစ်လျူမရှုပါနဲ့။”
ဒေါ်အောင်ဆန်းစုကြည် (9-12-2012)
ဒေါ်အောင်ဆန်းစုကြည် (9-12-2012)
(မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့)
ခွန် ဒီးယမ်
0 comments:
Post a Comment