

ဓာတ်ပုံ- မောင်တာ
မုံရွာလက်ပံတောင်းတောင် စီမံ ကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းမှုကြောင့်  ဒဏ်ရာရရှိခဲ့သော သံဃာများကို နိုင်ငံတော် သမ္မတ အပါအ၀င် အစိုးရအဖွဲ့မှ ၀န်ချတောင်းပန်ရေးအတွက် မန္တလေးမြို့ရှိ သံဃာတော် အပါး(၅၀၀)ခန့်က မန္တလေး အိမ်တော်ရာဘုရားမှ သကျသီဟဘုရားအထိ မွန်းလွဲ (၂)နာရီခန့်မှ(၂)နာရီ(၄၅)မိနစ်ခန့်ထိ လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြ သည်။
ဒဏ်ရာရ သံဃာများကို ကျေနပ်အောင် မတောင်းပန်ပါက ဒီဇင်ဘာ(၁၂)ရက်တွင် ဆန္ဒဖေါ်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ြေ ကာင်း သံဃာတော်များက မိန့်ကြားသည်ဟု 7 Day News မန္တလေးသတင်းထောက်က သတင်းပေးပို့သည်။
Copy from - 7Day News Journal


မုံရွာမြို့ ဇောတိက ရာမကျောင်းတိုက်နှင့် အုတ်ကန်တောရ ကျောင်းတိုက် စသည့် ကျောင်းတိုက်များ သံဃာတော် အပါး ၅၀၀ ကျော်ခန့် သည် ယနေ့ ရွှေစည်းဂုံ စေတီဘုရားကြီးပေါ် တွင် စုရပ်ပြုလုပ်ပြီ ၁ နာရီ ၃ နာရီထိ မြို့တွင်းသို့ စီတန်းလှည့်လည် မေတ္တာပို့ခြင်းပြုလုပ်ခဲ့။ ထိုသို့ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကန်း လုံးဝ ရပ်ဆိုင်းရန်နှင့် သံဃာတော်များပေါ် အကြမ်းနှိမ်းနင်းခြင်း တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခြင်းများ၊ ကမ်းနားလမ်းပေါ်ရှိ တားရိုးပေါ်တွင် လက်ပံတောင်းတောင်ကြီး မျက်နှာမူပြီ ဒဏ်ရာရ သံဃာတော်များအတွက် ၀မ်းနည်းခြင်း တစ်မိနစ် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့။
သတင်းရင်းမြစ် - အေးချမ်းမွန်မှ အင်တာနတ်မှ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ၌ သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခဲ့မှု နှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာနမှ တာဝန်ယူ ဖြေရှင်းပေးရန် နှင့် ယင်းကိစ္စကြောင့် ဆန္ဒထုတ်ဖော် ခဲ့ကြသူများကို ဖမ်းဆီးထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ အကြမ်းဖက် ဖြိုခွင်း ခဲ့မှုများကို ဖော်ထုတ် အရေးယူ ပေးရန် ရန်ကုန်တိုင်း ဒေသကြီး ဆိုင်ရာ သံဃာများက ယနေ့ ဒီဇင်ဘာ ၈ရက် အမျိုးသားနေ့၊ မွန်းလွဲ ၂နာရီ ၃၀ခန့်က ရန်ကုန်မြို့တော်ခန်းမ ရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
Copy from - The Voice Weekly
ဆရာတော်များရှေ့တွင် ဗွီဒီယိုရိုက်ကူးနေသောရဲ၏ပုံ။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အေးချမ်းစွာဖြင့် မေတ္တာသုတ် ပရိတ် တရားတော်များကို လှည့်လည် ရွတ်ဖတ်နေမှုအား စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၊ စရဖ ၊ SB၊နှင့် မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ပါတီမှ အလုပ်အမှုဆောင်-ကျော်သူ(ကျောက္ကာ မြောက်ရွာ)မြို့တို့ မှသတင်း ဓာတ်ပုံများ လိုက်လံရိုက်ကူး နေလျှက်ရှိပြီး ဆရာတော်များ၏ ဘွဲ့တော်များ နေရပ်များကို လိုက်လံစုံစမ်း နေကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင် မ်း။
သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်
0 comments:
Post a Comment