Saturday, December 15, 2012

ပြည်သူ့ရဲတပ်ဖွဲ့အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးရွားရွားတွေ့ရှိ ....


 
မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ကော်မတီအဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းဆွေက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
 
တာမွေမြို့နယ်ထဲက ခိုးမှုတခုနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီး စစ်ဆေး ခံရတဲ့ အသက် ၁၅ နှစ် မောင်ကြည်သာဦး ဆိုသူကို တာဝန်ကျရဲတွေက ကိုယ်တုံးလုံးချွတ် ထိုးကြိတ် ရိုက်နှက်တဲ့ အပြင် အမျိုးသားချင်း မုဒိန်းကျင့်ဖို့အထိ ချိန်းခြောက် ပြောဆိုမှု ၀န်ခံခိုင်းတာတွေ ရှိခဲ့တာလို့ သူက ပြောကြားတာပါ။ ဒါအပြင် အသက် ၁၅ နှစ်ကို ၁၉ နှစ်အဖြစ် လိမ်လည်ပြီး တရားရုံး ပို့ဆောင် တာတွေအထိပါ ရှိခဲ့တာလို့ဆိုပါတယ်။
 
ဒါကြောင့် အမှုမှန်အတိုင်း ဖြစ်စေဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆီ စာရေး တင်ပြထားပြီး၊ ရဲတွေ လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ ကိစ္စ၊ ရပ်ကွက်ထဲမှာ ရဲသတင်းပေးတွေ မမှန်မကန် လုပ်နေတာနဲ့ ပါတ်သက်ပြီး လာမယ့် လွှတ်တော် အစည်းအဝေးမှာ မေးမြန်း သွားမယ်လို့လည်း ပြောပြပါတယ်။
 
Copy from - DVB TV News

0 comments: