Thursday, December 6, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲခဲ့မှုအပေါ် ရန်ကုန်မြို့တွင် တစ်ရက်တည်း နှစ်နေရာ၌ ကန့်ကွက်ဆန္ဒပြ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ရန်ကုန်မြို့တွင် တစ်ရက်တည်းနှစ်နေရာ၌ ကန့်ကွက်ဆန္ဒပြ====သံဃာတော်များ ဒဏ်ရာရရှိသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲကို သံဃာတော် ၁၀ ပါးခန့်နှင့်လူအချို့မှ ယနေ့ (ဒီဇင်ဘာလ ၆ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ မိနစ် ၂၀ ခန့်ကြာ ဆူးလေဘုရားအား သုံးပတ်ပတ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒဏ်ရာရသံဃာတော်များအား ဆေးကုသပေးရေး၊ အကြမ်းဖက်ဖြိုခွဲခဲ့သူများအား အရေးယူပေးရေး၊ လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးတို့ကို တောင်းဆိုခဲ့သည်။ထို့ပြင် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တာမွေ (ယာယီဈေး) မှစတင်ကာ ယုဇနပလာဇာအထိ လူအင်အား ၃၀ ခန့်သည် ''သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းသူများအား ဖော်ထုတ်အရေးယူပါ'' စသော ဗွီနိုင်းပိုစတာငါးခု ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သူ အများစုမှာ မျက်နှာဖုံးများဝတ်ဆင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းလည်း သိရှိရသည်။Eleven Media Group

သံဃာတော်များ ဒဏ်ရာ ရရှိသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲခဲ့မှုအပေါ် ကန့်ကွက် ဆန္ဒပြပွဲကို သံဃာတော် ၁၀ ပါးခန့်နှင့်လူအချို့မှ ယနေ့ (ဒီဇင်ဘာလ ၆ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်မှ စတင်ကာ မိနစ် ၂၀ ခန့်ကြာ ဆူးလေဘုရားအား သုံးပတ်ပတ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒဏ်ရာရ သံဃာတော်များအား ဆေးကုသပေးရေး၊ အကြမ်းဖက် ဖြိုခွဲခဲ့သူများအား အရေးယူပေးရေး၊ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးတို့ကို တောင်းဆိုခဲ့သည်။
ထို့ပြင် မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တာမွေ (ယာယီဈေး) မှစတင်ကာ ယုဇနပလာဇာအထိ လူအင်အား ၃၀ ခန့်သည် ''သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းသူများအား ဖော်ထုတ်အရေးယူပါ'' စသော ဗွီနိုင်းပိုစတာငါးခု ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
 
အဆိုပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သူ အများစုမှာ မျက်နှာဖုံးများဝတ်ဆင်၍ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်းလည်း သိရှိရသည်။

Copy from - Eleven Media Group

0 comments: