December 21, 2012
ဗန်းမော် – မိုးမောက် – မြို့သစ် လမ်းကြောင်းမှ ချီတက်လာသော ၁၀၅ မမ (၂)လက်နှင့် သံချပ်ကာ ကား(၂)စီး တင်ဆောင်လာသော စစ်ယာဉ်တန်း(၂၀)ကို ဒီဇင်ဘာလ(၂၀)ရက် မနက်(၃)နာရီအချိန်တွင် တာလီအနီး KIA တပ်ဖွဲ့က ကြားဖြတ် ဟန့်တားတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရှိရသည်။ ဆက်လက် ချီတက်လာသော စစ်ယာဉ်တန်းကို မနက်(၄)နာရီအချိန်တွင် နွမ်လန်း(Num Lang)နှင့် အူထန်ယန် (U Htang Yang) ကြားတွင် ထပ်မံကြားဖြတ် ဟန့်တား တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။
မနက်(၅)နာရီအချိန်တွင် ယင်းယာဉ်တန်းသည် ဒေါ့ဖုန်းယန်သို့ရောက်ရှိကာ လက်နက်ကြီးတင်ဆောင်ထား သော ယာဉ်(၇)စီးသည် အမြောက်တပ်ရင်း(၃၆၄) တည်ရာ ခန်းကိုင်တောင်သို့ ရောက်ရှိကြောင်း သိရှိရသည်။
၎င်းစစ်ကြောင်းသည် KIO ဗဟိုဌာနချုပ်ကို မုန်းလဲချောင်း(Mung Lai Hka)အတိုင်း ချီတက်ထိုးစစ်ဆင်ရန် စီစဉ်လျက်ရှိကာ ခန်းကိုင်တောင်မှ ၁၀၅ မမ အမြောက်များဖြင့် လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ရန် စီမံလျက်ရှိ ကြောင်း သိရှိရသည်။
Copy from - Myitkyina
0 comments:
Post a Comment