
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ EMG

မန္တလေး၌ သံဃာတော်များနှင့် ကျောင်းသားများ ဆန္ဒပြပွဲစတင်။
(Naythit NT)
(Naythit NT)

ပခုက္ကူမြို့ရှိ သံဃာတော် တစ်ထောင်ကျော် စုပေါင်း၍ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှု။The Voice Weekly

ပခုက္ကူမြို့တွင် သံဃာ အပါး ၁၀၀၀ ကျော် ခန့်သည် လက်ပန်းတောင် အရေး အကြမ်းဖက် ခံ ရသည့် သံဃာတော်များ အတွက် တာဝန်ရှိသူများအား ကန့်ကွက် ရှုံ့ချခြင်းကို ပြုလုပ်ကြပါသည်။ သံဃာတော်များသည် မေတ္တသုတ်များရွတ်ဖတ်ပြီး ပခုက္ကူမြို့ မြို့မလမ်းတစ်လျှောက်၊ ဗိုလ်ချုပ်လမ်း တစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ — ပခုက္ကူမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော် (4 photos)Popular Myanmar News Journal

မုံရွာမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော် /ကိုသစ္စာ (မုံရွာ)
တောင်းဆိုချက်များအားကျေနပ် လက်ခံနိုင်အောင်ဆောင်ရွက်ပေးခြင်းမရှိ၍ မုံရွာမြို့ရှိ သံဃာတော်များ ယနေ့ ၁၂-၁၂-၁၂ ရက်နေ့ ၁၂ နာရီအချိန် တွင် ဆန္ဒထုတ်ဖော်မှု စတင်ခဲ့ကြောင်းသိရသည်။
တောင်းဆိုချက်များအားကျေနပ်

ထိုင်သပိတ်ဖြင့် ကလေးမြို့ရှိသံဃာတော်များဒီ ဇင်ဘာ(၉)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့/
ဝင်းသူစိုး(ကလေး)
ဝင်းသူစိုး(ကလေး)
ဒီဇင်ဘာလ၉ရက်နေ့ နေ့လည်၁နာရီမှ ၃နာရီအချိန်အထိ ကလေးမြို့ရှိသံဃာအပါး ၁၀၀ခန့် သည် မုံရွာတွင် ဖြစ်ပွားခဲ့သော သံဃာ အရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှု အားပြု လုပ်ခဲ့ကြောင်းသိရသည်။


( ၁၂-၁၂-၁၂ )ပြည်မြို့တွင် သံဃာတော်များ ဆန္ဒဖော်ထုတ်။
(Pon Nya)


၁၂-၁၂-၁၂ )
ယနေ့ ညနေ ၃ နာရီ ၃၀ မီနစ်တွင် ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံရှေ့၌ မေတ္တာသုတ် များရွတ်ဆိုပြီးနောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအား ရုတ်သိမ်း လိုက်ကြောင်းသိရသည်။
The Myanma Age

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်မှ လည်း ယနေ့  ဒီဇင်ဘာလ ၁၂ ရက် မန်း ဆန္ဒ ထုတ်ဖော် မှုတွင် ပါဝင်Popular Myanmar News Journal
သတင်းဓါတ်ပုံများကို အင်တာနက်စာမျက်နှာမှ ကူးယူခဲ့ပါသည်။
0 comments:
Post a Comment