December 9, 2012
ဒီဇင်ဘာလ(၈)ရက်နေ့ ည(၈)နာရီအချိန်တွင် အင်အား(၂၅၀)ခန့်ပါသော [တပ်မ(၉၉) လက်အောက်ခံတပ် ဟု ခန့်မှန်း] တပ်ဖွဲ့ဝင်တို့သည် လက်နက်ခဲယမ်းများကိုပါ တင်ဆောင်ထားသော စစ်ယာဉ်(၂၀)ခန့် ဒေါ့ဖုန်းယန်သို့ ၀င်ရောက် လာခဲ့သည်။

ခလရ(၂၉၇) (၂၉၈) ပူးပေါင်း အင်အား(၁၀၀)ခန့်သည် ဒီဇင်ဘာလ(၈)ရက်နေ့တွင် တနိုင်း လီဒိုလမ်း ယုဇန စိုက်ခင်းသို့ ရောက်ရှိကာ ယင်းမှတဆင့် နမ်ယာ(Nam Ya)ဘက်သို့ ဆက်လက် ချီတက်သွားခဲ့သည်။
ဒီဇင်ဘာလ(၇)ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ပန်ဝါမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် (၃)ကြိမ် ခေါက်တုန့်ခေါက်ပြန် လက်နက်ခဲယမ်းကို ပို့ဆောင်ခဲ့ပြီး၊ အပြန်တွင် ဒဏ်ရာရ ရဲဘော်များကို သယ်ဆောင် ယူခဲ့သည်။
Copy from - Jade Land
0 comments:
Post a Comment