(ကိုမင်းဌေး)
Monday, December 31, 2012
31/ရက်နေ့ တိုက်လေယာဉ်ကြီးဖြင့်တိုက် အိမ်(၂)လုံးလောင်
(ကိုမင်းဌေး)
Posted by PNSjapan at 8:08 PM 0 comments
Labels: သတင်း
ဂျပန်နိုင်ငံရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ ထိုးစစ်အား ကန့်ကွက် ဆန္ဒထုတ်ဖော် .............


Posted by PNSjapan at 8:00 PM 0 comments
Labels: သတင်း
အမေရိကန်ရောက် ကချင်အမျိုးသားများ မြန်မာအစိုးရ၏ ထိုးစစ်အား ကန့် ကွက် ဆန္ဒထုတ်ဖော် .............

Posted by PNSjapan at 7:49 PM 0 comments
Labels: သတင်း
ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အရှိန်မြင့်တက်နေခြင်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများမှ သဘောထား ထုတ်ပြန်ချက်

Posted by PNSjapan at 6:42 PM 0 comments
Labels: ထုတ်ပြန်ကြေငြာချက်
မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာချေ


ယင်းဖြစ်ပျက်မှုနှင့် ပတ်သက်၍ မြန်မာ့လေတပ် မိသားစု အသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ - ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင် ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် တစ်ခုလုံးကို မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး အောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။
Posted by PNSjapan at 6:15 PM 0 comments
Labels: သတင်း
ဒုက္ခသည် ကချင်တိုင်းရင်းသား ရင်ဖွင့်သံ...

ကချင်တွေကို လူမျိုးစုထဲမှာလို မသတ်မှတ်ပ
ကျနော် အသံဖမ်းစက်ကလေး အဆုံးမှာ မျက်ရည်ပေါက်ပေါက် ကျခဲ့ရတယ်
ကြယ်နီ အင်တာနက်စာမျက်နှာမှကူးယူခဲ့ပါသည်။
Posted by PNSjapan at 3:57 PM 0 comments
Labels: သတင်း
"တရုတ်နိုင်ငံသားတွေ သစ်ထုတ်လုပ်ဖို့ အင်အား ရာနဲ့ချီ ရောက်ရှိ "

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အတွင်းမှာ သစ်ထုတ်လုပ်ဖို့ စစ်ကြီးတွေနဲ့ ရောက်ရှိနေတာကို ကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ ဆင်ဘိုမြို့ခံ တစ်ယောက်က RFA ကို ပြောပြပါတယ်။
“ဖိုက်စတား ကုမ္ပဏီလို့ နာမည်ခံထား
Posted by PNSjapan at 2:37 PM 0 comments
စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်း မေးခွန်းထုတ်
“ကျွန်တော် ထောင်က လွှတ်လာပြီးကတည်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက
Posted by PNSjapan at 1:42 PM 0 comments
Labels: သတင်း
ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။
အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။
“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။
လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ ၊ စကခ ၁၆ သိန္နီ၊ ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊ နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀
Posted by PNSjapan at 1:19 PM 0 comments
Labels: သတင်း
အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏ တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီတွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။
“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။
လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ
လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း
Posted by PNSjapan at 12:28 AM 0 comments
Labels: သတင်း
Sunday, December 30, 2012
လွှတ်တော်အပေါ် သမ္မတအထက်က မင်းအောင်လှိုင်။
Posted by PNSjapan at 8:26 PM 0 comments
Labels: သတင်း
ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမှု တလပြည့် ရုပ်သံသတင်း
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး သပိတ်စခန်း (ပုသိမ်-မုံရွာလမ်းဘေး စီနိုဟိုက်ဒရိုဆိုဒ်ရှေ့၊ လက်ပန်တောင်းတောင်ကြားရှိ လယ်တီဆရာတော် (ဦးညာဏဓဇ) ၏ သာသနာ့ နယ်မြေ၊ ဝမ်ပေါင်ဆိုဒ်ရှေ့၊ ကျော်ရွာဂိတ်ရှေ့) စခန်း (၆) ခု အကြမ်းဖက် (မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံး) ခံရသော တလပြည့်နေ့ ၂၉.၁၂.၂၀၁၂ (၁၄း၀၀) နာရီတွင် လက်ပန်တောင်းတောင် ဒေသမှ သံဃာတော်များနှင့် ပြည်သူအင်အား (၅၀၀) ခန့်က လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေ
Posted by PNSjapan at 4:07 PM 0 comments
Labels: သတင်း
(30/12/2012) ရက်နေ့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေစဉ်
လိုင်ဇာနှင့် ၅ မိုင်အကွာရှိ ဂန်ဒေါင်ဒူ၊ ဂန်ဒေါင်ယန် တွင်လည်း ဝေဟင်နှင့်မြေပြင်မှ အပြင်းအထန် တိုက်စစ်ဆင်နေသည်။
Posted by PNSjapan at 2:02 PM 0 comments
Labels: သတင်း
ရက္ခိုင်တပ်မတော်လည်း KIA နှင့် လက်တွဲတိုက်ပွဲဝင်နေသည်ဟု ဆို
30 December 2012
ကေအိုင်အေ တပ်များအကြောင်းနှင့် လက်ရှိ ဗမာ-ကချင် တိုက်ပွဲများကို အချိန် နှင့် တပြေးညီ ဖော်ပြနေသော Kachin Soldiers ဖေ့စ်ဘုတ် စာမျက်နှာ ၏ ဓါတ်ပုံ တစ်ပုံတွင် ရက္ခိုင့်တပ်မတော် AA ၏ လက်မောင်း တံဆိပ်ကို ဖော်ပြထားပြီး “ဗမာစစ်တပ်၏ ထိုးစစ်များကို ကေအိုင်အေနှင့် လက်တွဲကာ ဆန်ကျင် တိုက်ပွဲဝင်နေကြသော ရက္ခိုင်တပ်မတော်မှ စစ်သည်များအတွက် ကျွန်ုပ်တို့ ကချင်တိုင်းရင်းသားများက ဂုဏ်ယူ ၀မ်းမြောက်ပါသည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား စာတမ်း ထိုးထားသည်။
မူရင်း အင်္ဂလိပ်ဘာသာ ၀ါကျမှာ “We Kachin nationals are proud of Arakan Army Soldiers fighting alongside KIA against Burmese army's offensive.” ဟူ၍ ဖြစ်သည်။
Copy from - (Coral Arakan News)
Posted by PNSjapan at 1:55 PM 0 comments
Labels: သတင်း
တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။ အပစ်ရပ် လိုက်ရုံမျှနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရမည်လား။
လူထုအများစု၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ “အပစ်အခတ် ချက်ချင်းရပ်” ဟူသည့် ဆန္ဒပြတောင်းဆိုမှုအချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေလိုသည့်အတွက် စေတနာကောင်းနှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများ တောင်းဆိုနေသော နိုင်ငံရေး အခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဖို့ လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွ
အခြား တိုင်းရင်းသားတော်လှန်ရေး အ
အောင်ထူး (ရှေ့နေ)
(Aung Htoo ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ )
Posted by PNSjapan at 1:49 PM 0 comments
Labels: သတင်း
ကချင်စစ်ပွဲရပ်ပါ
ကချင်ဒုက္ခသည်ညီအကို ဓါတ်ပုံလေးဟာ ကျနော့်ရင်ထဲ နာကျင် ထိခိုက်လှပါတယ်။
ရွှေကြယ်ငွေကြယ် ပုခုံးထက်တင်ထားကြသူတွေ၊ ခေါင်းပေါင်းတွေ တိုက်ပုံတွေတကားကားနဲ့လွှတ်တော်ထဲက လူတွေ လွှတ်တော် ပြင်ပကလူတွေ အားလုံး အာဏာကိုင်အုပ်စုတွေ အားလုံးကို
တိုင်းရင်းသား ခလေးငယ်တွေ ဒုက္ခအကြီးအကျယ်ရောက်ပြီး
ပြည်တွင်းဖြစ် စစ်ကိုရှောင်နေကြရတာ တပ်မတော်ရဲ့
အောင်ပွဲ မဟုတ်ပါဘူး။
နိုင်ငံမှာ ငြိမ်းချမ်းရေး မရှိသရွေ့ လွတ်လပ်ရေးနဲ့ တိုးတက်ရေး ဘယ်လိုမှ မရနိုင်ပါ။
စစ်အုပ်စုဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေရတဲ့ ပြည်တွင်းစစ်ကို လေပျံတွေ ရဟတ်ယဉ်တွေ တိုက်လေယဉ်တွေနဲ့ ဗုန်းတွေကျဲရုံတင်မက ဓါတုလက်နှက်တွေပါ သုံးစွဲလာမှုတွေဟာ
(photo - undated, facebook, kachin refugee with a kid preparing for move)
Posted by PNSjapan at 1:30 AM 0 comments
Labels: နှိုးဆော်ခြင်း
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံ စကားပြောခဲ့သည့် စကားဝိုင်းမှ ကောက်နှုတ်ချက်...

(ကချင်ငြိမ်းချမ်းရေး ကွန်ယက
Posted by PNSjapan at 1:24 AM 0 comments
Labels: အင်တာဗျုး
၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်အသုဘချ....
၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်ကို အသုဘချ လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှု ၁ လပြည့် အထိမ်းအမှတ် အနေနဲ့ ယနေ့နေ့ညနေ ၄ နာရီလောက်က ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒထုတ်ဖော်သူ အယောက် ၂၀ လောက်ဟာ ရန်ကုန်မြို့ ဆူးလေဘုရားအနီး လက်ရွေးစင် လ္ဘက်ရည်ဆိုင်ရှေ့ကနေ အနော်ရထာလမ်းအတိုင်း ၅၁ လမ်းမှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရှေ့ကိုချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
Posted by PNSjapan at 12:52 AM 0 comments
Saturday, December 29, 2012
အစိုးရတပ်တွေဝိုင်းလို့  ကချင်ပြည်သူတွေ ဗုံးခို ကျင်းများ တူးနေကြပြီ ဘယ်လိုဘဲဖြစ်စေ စစ်ပွဲတွေရပ်ပါ

Photo by - Myanmar Online News
Posted by PNSjapan at 10:35 PM 0 comments
Labels: သတင်း
ဒီဇင်ဘာလ(၂၈)ရက်နေ့ မနက်(၉)နာရီမှ (၁၀)နာရီခွဲအထိ မြန်မာ့တပ်မတော်မှ လဂျားယန် KIA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့သော မှတ်တမ်းပုံများ
Posted by PNSjapan at 1:47 PM 0 comments
Labels: သတင်း
ကေအိုင်အေ ပြောခွင့်ရ ဦးလနန် ဆက်သွယ်မေးမြန်းချက်
Posted by PNSjapan at 12:07 PM 0 comments
Labels: အင်တာဗျုး
ဆွယ်တာအကျီလေးမှာ လက်ရှိ သိန်း ၅၀၀ ရရှိနေပါပြီ။

ဧရာဝတီ
Posted by PNSjapan at 12:32 AM 0 comments
Labels: သတင်း
အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။
ကချင်လွတ်မြောက်ရေး တပ်မတော်-KIA
ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီ ၀န်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်
Posted by PNSjapan at 12:09 AM 0 comments
Labels: သတင်း
KIA, အားစစ်လေယာဉ် ဖြင့် ဗုံးကျဲသည့်ရုပ်သံ
ကချင် KIA,ဌာနချုပ် လိုင်ဇာ ရဲ့ ရှေ့ တန်း ခံစစ်တောင်ကုန်းတွေကို အစိုးရတပ်တွေက တိုက် လေယာဉ်များ ရဟတ်ယာဉ်များ သုံးပြီး ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက် မနက် (၉း၄၅)မီနစ် အချိန် လာရောက် ဗုံးကျဲတိုက်ခိုက်နေစဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်း ။
Posted by PNSjapan at 12:03 AM 0 comments
Labels: ရုပ်သံသတင်း
Friday, December 28, 2012
အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ်ယဉ်ပေါ့။ ဒီတခေါက်က တိုက်လေယာဉ်ပါတယ်။ သူတို့ ပျံသန်းမှုကတော့ တရုတ်ပြည်ဘက် ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟု ဦးလနန်က တယ်လီဖုန်းမှ တစ်ဆင့် မဇ္စျိမကို ပြောသည်။
KIO ၏ မဟာမိတ် တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်းကလည်း “တိုက်ပွဲ ပြင်းနေတယ်။ လဂျားယန်မှာ ဦးသိန်းစိန်အစိုးရက စစ်တိုက်လေယာဉ်တွေနော်၊ ဂျက်လေယဉ်နဲ့ တိုက်တာ ၉ နာရီကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံတော့
Posted by PNSjapan at 2:52 PM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာ ၄၁၅ သိန်းနဲ့လေလံအောင်
သတင်းရင်းမြစ် - ဧရာဝတီ
Posted by PNSjapan at 2:43 PM 0 comments
Labels: သတင်း
မြန်မာစစ်တပ်က လေကွဲ မီးလောင်လက်နက်၊ ဓါတုလက်နက်ဖြင့် အသုံးပြု KIA, အားတိုက်ခိုက်

Posted by PNSjapan at 8:56 AM 0 comments
Labels: သတင်း
ဖမ်းဆီးမှုများ ရပ်ဆိုင်းထားမည်ဟု တရားဝင် ထုတ်ပြန်ထားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီးခံနေရဆဲ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် အလုပ်သမားရေးရာများနှင့် ပတ်သက်ပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေမှုအား သက်တမ်းတိုးပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ခေတ္တ ရပ်ဆိုင်းထားပေးရန် သဘောတူညီခဲ့ကြသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များမှာ ဆက်လက် ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း Arakan Review မှ သတင်းရရှိသည်။
ယခုလပိုင်းအတွင်း အလုပ်သမားများမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ရန် ထွက်ပြေး တိမ်းရှောင် နေကြရခြင်းတို့ကြောင့် အလုပ်ပုံမှန် မဆင်းနိုင်သဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းကို ခံနေကြရသူများလည်း ရှိသည်။
အလုပ်သမား လက်မှတ်မရှိသည့် အလုပ်သမားများမှာ ထိုင်းပုလိပ်များ၏ ဖမ်းဆီး ချုပ်နှောင်ခြင်းများကို ခံနေကြရပြီး ပြန်လည် လွတ်မြောက်ရန်အတွက် ငွေများ အဆမတန် ပေးဆောင် နေကြရကြောင်း
Posted by PNSjapan at 12:58 AM 0 comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ထားသော သိုးမွှေးထည်အား ၂၁၅ သိန်း ထိ ရရှိနေပြီဖြစ်...


Posted by PNSjapan at 12:52 AM 0 comments
Labels: သတင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော် အခမ်းအနား ရုပ်သံသတင်း
Posted by PNSjapan at 12:41 AM 0 comments
Labels: ရုပ်သံသတင်း
ကေအိုင်အိုဌာနချုပ်အနီး လက်နက်ကြီးကျသဖြင့် အရပ်သား သေဆုံး

ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီနေ့မနက်ပိုင်းက လက်နက်ကြီး ကျည်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး ဒဏ်ရာ ရခဲ့ကြပါတယ်။
Posted by PNSjapan at 12:24 AM 0 comments
Labels: သတင်း
ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရန်ကုန်မြို့တော် ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ တို့တွင် ပြုလုပ်မည့် ပညာရေး ရန်ပုံငွေ ပွဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများ ခံစား ခဲ့ရပုံ များကို ထောင်တွင်း အချုပ်ခန်း ပုံစံပြု လုပ် ပြသသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဦးကျော်အောင်က ပြောကြားသည်။

Posted by PNSjapan at 12:09 AM 0 comments
Labels: သတင်း
Thursday, December 27, 2012
စနစ်ကြောင့် ဆင်းရဲခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ယနေ့ မွန်းလွဲ တစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ရန်ပုံငွေပွဲတွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝ အနေအထားကြောင့် ဆင်းရဲခြင်းမဟုတ်ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
"အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ် ဆိုတာကို သိပါတယ် ၊ သဘာဝအရ ဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့် ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသား ဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာ ပညာလိုတယ်။ ပြောင်းချင်တိုင်း ပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ ဆိုတာဟာ ကျွန်မတို့ရဲ
Posted by PNSjapan at 11:58 PM 0 comments
Labels: သတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်

ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ
လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေသတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့ ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။
"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်"နှစ်ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာ
Posted by PNSjapan at 3:05 PM 3 comments
Labels: သတင်း
KNU က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ပြန်သုံးသပ်
Posted by PNSjapan at 3:01 PM 0 comments
Labels: သတင်း
ရှမ်း/မြောက်တွင်ရွာသားများအစိုးရတပ်၏ နှိပ်စက်ခံရ၍ (၅၀၀)ကျော်ထွက်ပြေး

Posted by PNSjapan at 9:08 AM 2 comments
Labels: သတင်း
ဒီဇင်ဘာ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။
ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန် တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။
“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။
Posted by PNSjapan at 8:47 AM 0 comments
Labels: သတင်း
ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင်ဘင်္ဂလီများ မင်းတုန်းမြို့တွင် ဖမ်းမိ
သတင်း - သစ်ထူးလွင်
Posted by PNSjapan at 12:42 AM 0 comments
Labels: သတင်း
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာေ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားမျာ
Posted by PNSjapan at 12:37 AM 0 comments
Labels: ဆောင်းပါး
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁)

Posted by PNSjapan at 12:34 AM 0 comments
Labels: ဆောင်းပါး
Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး သုံးဦး လက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည် ဆိုသည်နှင့် မည်သူတို့ သွားရောက် တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။
ဘီလျံနာ သူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက် လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်
Posted by PNSjapan at 12:24 AM 0 comments
Labels: သတင်း
ကချင်လူမျိုးတွေ သိစေချင်

ကချင်တွေကိုလဲ ပြောစရာရှိတာ တစ်ခါထဲ ပြောထားရဦးမယ်။ ကိုယ့်ဘက်က ကချင်ပြည်သူတွေ သေရင်လဲ နေရာ၊ နေ့ရက်၊ ဘယ်နှစ်ယောက်၊ ဘယ်လို သေရတယ်ဆိုတာ စာရင်းအတိအကျ ပြုစုထား။ ရှမ်းအမျိုးသမီး SWAN အဖွဲ့ကို အတုယူ၊ သူတို့ထုတ်တဲ့ License to Rape စာအုပ်ဆို တိကျ သေသပ်လွန်းလို့ ၂၀ နှစ်လောက် ကြာတဲ့အထိ အစိုးရဖင်အောက် ခုထိ ခိုးလိုးခုလု ဖြစ်နေတုန်းပဲ။
Posted by PNSjapan at 12:13 AM 0 comments
Labels: သတင်း
Wednesday, December 26, 2012
မြန်မာအစိုးရတပ်များ လဂျားယန်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ
ဒီဇင်ဘာလ(၂၆)ရက်နေ့မှစတင်၍ ပန်ဝါဒေသရှိ KIA တပ်စခန်းများကို မြန်မာအစိုးရတပ်ဖွဲ့က ထပ်မံ ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲဖေါ်ဆောင်ရန် စီမံနေကြောင်း သိရှိရသည်။ ထိုသို့ စီမံချက်လုပ်ဆောင်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကလည်း ၎င်း၏ပြည်သူ့စစ်အဖွဲ့ဝင်များကို ပူးပေါင်းပါဝင် စေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။
Posted by PNSjapan at 3:11 PM 0 comments
Labels: သတင်း
ရန်ကုန်မြို့က ဘတ်စ်ကားတစီးရဲ့ ပြူတင်းမှန်မှာ ကပ်ထားတဲ့ စာတန်း ပါတဲ့...

Posted by PNSjapan at 3:07 PM 0 comments
Labels: နှိုးဆော်ခြင်း
အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်
Posted by PNSjapan at 3:03 PM 0 comments
Labels: သတင်း
မင်းမဲ့စရိုက်ဆန်သော ဖျက်ဆီးမှု။
ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ( ၁၇-၁၈-၁၉ ) ရပ်ကွက်စသော ရပ်ကွက်များကို ဖြတ်သန်း ရာ မောင်းမကန်လမ်း၊ ဧရာဝဏ်လမ်းနှင့် ဆောက်လုပ်ရေး မှတ်တိုင် တောက်လျှောက် ဆိုင်ခန်းများကို ဒီဇင်ဘာ ၂၃- ရက်နေ့က စတင်ကာ လူအင်အား (၃၀) ကျော်လောက်နဲ့ စည်ပင်သာယာရေး အဖွဲ့မှဆိုပြီး ဖျက်သိမ်းသွားခဲ့ သည်ဟု အဖျက်ဆီးခံရသော ဆိုင်ပိုင်ရှင်များက ပြောသည်။
"မနက် ၁၀း၀၀ လောက်က ဖျက်ပေးဖို့လာပြောပြီး ၂း၃၀ နာရီလောက်မှာ လူအင်းအားအသုံးပြုပြီး လူအုပ်နဲ့ လာဖျက် တာပဲ၊ အပျက်အစီးနည်းအောင် ကျွန်တော့ဘာသာ ဖျက်မယ်ပြောတာလဲ မရဘူး" ကျွန်တော်တို့ဘာသာဖျက်ရင် ပစ္စည်းကောင်းတွေ ပြန်ရနိုင်တယ်။ သူတို့ လုပ်သွားတဲ့ပုံစံက ရန်သူကို နှိပ်စက်သလို ဆိုင်ကို ဖျက်ဆီးသွားကြတာ ကာလတန်ဖိုး သုံးသိန်းဖိုးလောက် ရှိသည်"ဟု မောင်မကန်လမ်းဘေးရှိ
Posted by PNSjapan at 2:49 PM 0 comments
Labels: သတင်း
သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်ချုပ် မိန့်ခွန်း အပြည့်အစုံ
မိန့်ခွန်း အပြည့်အစုံ။။။
Posted by PNSjapan at 2:45 PM 0 comments
Labels: သတင်း
ဒီဇင်ဘာ(၂၅) သတင်းတို
ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီး အတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။
Posted by PNSjapan at 9:06 AM 0 comments
Labels: သတင်း
Air Bagan (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ် ပျက်ကျမှု မြင်ကွင်း

Posted by PNSjapan at 1:27 AM 0 comments
Labels: ရုပ်သံသတင်း
လုံခြုံရေး တင်းတင်းကျပ်ကျပ် ထားရဲ့သားနဲ့  စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ...
ဗီဒီယိုသတင်း - ကိုထွန်းဝေ
Posted by PNSjapan at 1:21 AM 0 comments
Labels: သတင်း
နိုင်ငံတော်ပိုင် ငွေကြေးအား အလွဲသုံးစားလုပ်သည့် တပ်ရင်းမှူးအား အရေးယူပါရန် တိုင်ကြားခြင်း
Copy from - thithtoolwin.net
Posted by PNSjapan at 1:10 AM 0 comments
Labels: သတင်း
ကချင်ဒုက္ခသည်တွေကို SNLD သိန်း ၁၇၀ လှု
Posted by PNSjapan at 12:04 AM 0 comments
Labels: သတင်း
Tuesday, December 25, 2012
သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြားအကြပ်အတည်း
Posted by PNSjapan at 3:37 PM 0 comments
Labels: သတင်း
ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ထုတ်ပြန်သော Air Bagan လေယာဉ် ဟဲဟိုးလေဆိပ် အဆင်းတွင် ပျက်ကျမှုသတင်း


ယနေ့နံနက် ၀၈၅၅ နာရီအချိန်မှာ လေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်း အတွင်းသို့ မှားယွင်း ဆင်းသက်ခဲ့တဲ့အတွက
မီးသတ်ယာဉ်များနဲ့ တာဝန်ရှိသူများ ၀၉၀၀ နာရီမှရောက်ပြီး ၀၉၄၅ ချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
လေယာဉ် မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ် စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာ ရခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ကုသရေးလုပ်
Posted by PNSjapan at 3:23 PM 0 comments
Labels: သတင်း