Friday, November 30, 2012

မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်

14389_376330949125111_319308133_n.jpg
Photo by - Yangon Media Group
2012-11-29

မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။

ဒီကနေ့ညနဲ့ မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ်လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပြီးနောက်မှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိနေရတဲ့ သံဃာတော်တွေဟာ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သံဃာတော် (၇) ပါး ဖမ်းဆီးထိန်းသိမ်းခံထားရသလို တစ်ချို့သံဃာတွေလည်း ပျောက်ဆုံးနေတယ်လို့ မိန့်ကြားပါတယ်။

မြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။

ဒီကနေ့ညနဲ့ မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ်လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော်
ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပြီးနောက်မှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိနေရတဲ့ သံဃာတော်တွေဟာ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သံဃာတော် (၇) ပါး ဖမ်းဆီးထိန်းသိမ်းခံထားရသလို တစ်ချို့သံဃာတွေလည်း ပျောက်ဆုံးနေတယ်လို့ မိန့်ကြားပါတယ်။


Copy from - rfa.org


0 comments: