Thursday, November 29, 2012

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ခွင့်ပြု

"အခွင့်အရေး ယူသူတွေ ရှိနေရတာဟာ အခွင့်အရေး ပေးသူတွေ ရှိနေလို့သာ ဖြစ်ပါတယ်"
` 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ခွင့်ပြု



ရန်ကုန်၊ နိုဝင်ဘာ ၂၈။


ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစားပုဂ္ဂိုလ်ကြီးတွေအတွက် ၁၆၉ ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစား ပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦး အတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သား တစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေ ရရှိသူများမှာ နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံသော စာရင်း တွင် ဖော်ပြထားသည်။

နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက် ငါးဦး၊ အိမ်အကူ ငါးဦးနှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ်နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။

နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်း မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံးဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင်အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။

နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါအ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုးသာ၊ ဒေါက်တာ ကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။

အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့် ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း)များ ဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ် အေဘယ်၊ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် စောထွန်း၊ ဗိုလ်ချုပ် စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင် န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင်မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ် လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန်အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆ သန်းနဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်း လည်း ပါပါတယ်” ဟု ဦးမင်းသူက ဆိုသည်။

ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင် သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈ အခြေခံ ဥပဒေအရ သီးခြားခံစားပိုင်ခွင့် ရပိုင်ခွင့်များ ရရှိထားသောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အငြိမ်းစားဝန်ထမ်းများကို အငြိမ်းစား ပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုး ရယူနေတဲ့ အခြေအနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ်ဆောင်ရွက်တဲ့ အပေါ်မှာ အကျိုးခံစားခွင့် ယူတယ်၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ်တွေ ရှိတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက်ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက် ရှိသောကြောင့် စွက်ဖက်၍ မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လိုသောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူက ပြောသည်။

“တစ်ခါတလေ ကိုယ်မလုပ်လိုက်နိုင်တဲ့ အပေါ်မှာ ပြည်သူ့အပေါ် တာဝန်မကျေသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

အငြိမ်းစားပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့် အရာရှိတစ်ဦးက ပြောသည်။

“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ်သတ်ပါတယ်၊ အဲဒီလို အငြိမ်းစားတွေကို ပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိအောင် ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေလေ” ဟု အမည်မဖော်လိုသော ၎င်းအစိုးရအရာရှိက ဆိုသည်။


 ထက်နိုင်ဇော် -Venus News Weekly
‎ရန်ကုန်၊ နိုဝင်ဘာ ၂၈။
 
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ် လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံ တောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီးတွေအတွက် ၁၆၉ ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက် ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစား ပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ် လုပ်သား ၄၁၇ ဦး အတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သား တစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံ ခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေ ရရှိသူများမှာ နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံသော စာရင်း တွင် ဖော်ပြထားသည်။

နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက် ငါးဦး၊ အိမ်အကူ ငါးဦးနှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ်နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။

နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်း မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံးဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင် အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။

နိုင်ငံတာ ၀န်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါအ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုးသာ၊ ဒေါက်တာ ကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။

အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့် ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း)များ ဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ် အေဘယ်၊ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် စောထွန်း၊ ဗိုလ်ချုပ် စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင် န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင်မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ် လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန်အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆ သန်းနဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်း လည်း ပါပါတယ်” ဟု ဦးမင်းသူက ဆိုသည်။

ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင် သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈ အခြေခံ ဥပဒေအရ သီးခြားခံစားပိုင်ခွင့် ရပိုင်ခွင့်များ ရရှိထားသောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အငြိမ်းစားဝန်ထမ်းများကို အငြိမ်းစား ပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုး ရယူနေတဲ့ အခြေအနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ်ဆောင်ရွက်တဲ့ အပေါ်မှာ အကျိုးခံစားခွင့် ယူတယ်၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ်တွေ ရှိတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက်ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက် ရှိသောကြောင့် စွက်ဖက်၍ မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လိုသောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူက ပြောသည်။

“တစ်ခါတလေ ကိုယ်မလုပ်လိုက်နိုင်တဲ့ အပေါ်မှာ ပြည်သူ့အပေါ် တာဝန်မကျေသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

အငြိမ်းစားပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့် အရာရှိတစ်ဦးက ပြောသည်။

“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ်သတ်ပါတယ်၊ အဲဒီလို အငြိမ်းစားတွေကို ပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိအောင် ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေလေ” ဟု အမည်မဖော်လိုသော ၎င်းအစိုးရအရာရှိက ဆိုသည်။
ထက်နိုင်ဇော် -Venus News Weekly

Lwin Aung Soe,အင်တာနက်စာမျက်နှာသတင်းမှ

0 comments: