
အမေရိကန် ပြည်ထောင်စုတွင် ယခုရောက်ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်သည် နေရူး အမှတ်တရပွဲ၌ ဟောပြော ပို့ချချက် ချီးမြှင့်ပေးရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံ လိုက်ကြောင်း သတင်းရှိသည်။
ရက်စွဲ အတိအကျကို မကြေညာရ သေးသော်လည်း နေရူး အမှတ်တရ အခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါက ယင်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။
ယခုနှစ် စောစောပိုင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် နေရူးအခမ်းအနားတွင် ဟောပြော ပို့ချချက်ချီးမြှင့်ပေး ရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ် ကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၂ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် နှစ်များအတွင်း အိန္ဒိယအစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ခဲ့သည်။
မစ္စတာမန်မိုဟန်ဆင်း၏ ရန်ကုန်ခရီးစဉ်တွင်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံခေါင်းဆောင်အဖြစ်သာ ဆက်ဆံခဲ့ပြီး မစ္စတာမန်မိုဟန်ဆင်းသည် အခြားကမ္ဘာ့ ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက် လည်ပတ်ခြင်းအစား ဒေါ်အောင်ဆန်းစုကြည်က မစ္စတာမန်မိုဟန်ဆင်း ဆီသို့ သွားရောက် တွေ့ဆုံခဲ့ရသည်။
ယခုရက်သတ္တပတ် စနေ၊ တနင်္ဂနွေရက်များကပင် မဟတ္တမဂန္ဓီနှင့် နေရူးတို့မှာ သူမအပေါ် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
Ref: The Times of India
Copy from - 7Day News Journal
ရက်စွဲ အတိအကျကို မကြေညာရ သေးသော်လည်း နေရူး အမှတ်တရ အခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါက ယင်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။
ယခုနှစ် စောစောပိုင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် နေရူးအခမ်းအနားတွင် ဟောပြော ပို့ချချက်ချီးမြှင့်ပေး
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် နှစ်များအတွင်း အိန္ဒိယအစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ခဲ့သည်။
မစ္စတာမန်မိုဟန်ဆင်း၏ ရန်ကုန်ခရီးစဉ်တွင်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံခေါင်းဆောင်အဖြစ်သာ ဆက်ဆံခဲ့ပြီး မစ္စတာမန်မိုဟန်ဆင်းသည် အခြားကမ္ဘာ့ ခေါင်းဆောင်များကဲ့သိ
ယခုရက်သတ္တပတ် စနေ၊ တနင်္ဂနွေရက်များကပင် မဟတ္တမဂန္ဓီနှင့် နေရူးတို့မှာ သူမအပေါ် လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
Ref: The Times of India
Copy from - 7Day News Journal
0 comments:
Post a Comment