Photo By/The Voice Weekly
ယနေ့ နေပြည်တော်တွင် ကျင်းပသော ရခိုင်အရေးကိစ္စ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက် မသုံးစွဲရန် မေတ္တာရပ်ခံခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ခိုးဝင်လာသူများဟု သုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက မောင်တောမြို့နယ်တွင် ဒုက္ခသည် စခန်းမရှိကြောင်း ပြောကြားခဲ့ပြီး ထိုသို့ ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက မေးခွန်း ထုတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ဦးကလည
ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေး မေးမြန်းထားသည်များကို မနက်ဖြန် (စက်တင်ဘာ ၂၃)တွင် ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဖြေကြားသွားမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
Copy from - 7Day News Journal
0 comments:
Post a Comment