Monday, September 24, 2012

မကွေးကျောင်းတိုက်မှ ပြန်ထွက်ခွာခွင့်မရတဲ့ မန္တလေးမြို့တော်ဝန်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကျေးရွာ ၊ကံကြီးကုန်းကျေးရွာအစရှိတဲ့ကျေးရွာတွေမှာ နိုင်ငံတော်ပိုင် မြေတွေပေါ်မှာ ကျူးကျော်နေထိုင်သူတွေလို့ သတ်မှတ်ခံရသူတွေကို ဖယ်ရှာပေးဖို့ ကံကြီးကုန်း ကျေးရွာမှာရှိတဲ့ မကွေးကျောင်းတိုက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခန့်က မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း ကိုယ်တိုင် သွားရောက် ပြောကြားခဲ့ပါတယ်။ ရပ်ကွက်သစ် ထပ်မံတိုးချဲ့ဖို့အတွက် ဖယ်ရှား ခိုင်းတာဖြစ်ပြီး ကျူးကျော်သူတွေလို့ သတ်မှတ် ခံထားရတဲ့သူတွေဟာ အဆိုပါ နေရာတွေကို တရားဝင် ဝယ်ယူနေထိုင်နေကြတဲ့ အတွက် မြေတွေကို သိမ်းမယ်ဆိုရင် နေရာသစ် ပြန်လည်ချထားပေးဖို့ အိမ်ဂရံတွေကို ကိုင်ဆောင်ပြီး မြို့တော်ဝန်ရဲ့ အပြန်လမ်းကို ပိတ်ဆို့တောင်းပန် ခဲ့ကြပါတယ်။ မြို့တော်ဝန် ဦးအောင်မောင်းက သတင်း မီဒီယာသမားတွေနဲ့ သူရဲ့ရုံးခန်းမှာ ညနေ ၆ နာရီမှာ ခေါ်ယူတွေဆုံပြီး အဆိုပါ အဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ တခုကို အဲဒီနေ့မှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်ခင်ဗျာ။
 
Copy from - Burma VJ Media Network

0 comments: