Wednesday, September 19, 2012

ဝန်ကြီး ဦးအောင်မင်း နှင့် ဝါရှင်တန် ဒီစီ မြန်မာမိသားစု တွေ့ ဆုံဆွေးနွေး

ယနေ့ ည ၀န်ကြီး ဦးအောင်မင်း နှင့် မြန်မာမိသားစု တွေ့ ဆုံစဉ်
 
ဒီကနေ့  စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီ ခွဲ မှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့က ၀ါရှင်တန်ဒီစီ ရှိ မြန်မာမိသားစုများနဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။
မြန်မာ မိသားစုတွေ အဓိကထား မေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ဆီကို စရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက် ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ် နေထိုင်ခွင့်ကို ဥပဒေ ပြဒါန်းနိုင်ဖို့ စတင် လုပ်ဆောင်နေပြီလို ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုကို ရှင်းလင်း ပြောဆိုသွားပါတယ်။
 
Copy from - thithtoolwin

0 comments: