Monday, September 24, 2012

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို

 
ပါကစ္စတန်နိုင်ငံတွင် လောလောလတ်လတ် ဖြစ်ပွားခဲ့သော ကိစ္စတခုဖြစ်သည့် အသက် (၁၁)နှစ်အရွယ် ခရစ်ယာန် ဘာသာဝင် မိန်းကလေးငယ် တဦးမှ ကိုရန်ကျမ်း စာရွက်များအား မီးမွှေးရာတွင် သုံးသည်ဆိုကာ တရားစွဲဆိုထားသော အမှုနှင့်ပတ်သက်၍ အဆိုပါ ခရစ်ယာန် မိန်းကလေးအား လိမ်လည် လုပ်ကြံပြီး အမှုဆင်ခဲ့သည်ဟု သတင်းထွက်လာသော မွတ်စလင် ဗလီဆရာအား ဘာသာရေး အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန် အမှုခိုင်လုံခြင်း ရှိမရှိအား ပါကစ္စတန် ရဲမှစုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီးအား ဘာသာရေး အကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန် မှတ်ပုံတင်ခဲ့သည်ဟု ပါကစ္စတန် ရဲအရာရှိတဦး ဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
 
ကိုရန်ကျမ်းစာအုပ်အား မီးရှို့သည်ဟု အစွပ်စွဲခံရသည့် ခရစ်ယာန်မိန်းကလေး၏ အိတ်ထဲသို့မွတ်စလင် ဗလီဆရာခါလစ်မှ ကိုရန်ကျမ်း စာတအုပ်အား ထည့်၍ မိန်းကလေးမှမီးရှို့သည် ဟုထင်ရစေရန် လိမ်လည် အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်  ဦးစီးဦးဆောင်ပြုသော ဗလီ၌ ၀တ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန် ရဲမှဖမ်းဆီးခဲ့သည်။ ခါလစ်မှလည်း ဘူးခံငြင်းခဲ့သည်။
မတရား အမှုဆင်ခံရသော ခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာ ရှိသေးသော မိန်းကလေးငယ်အား ဘာသာ မတူသဖြင့် ဘ၀ပျက်စေရန် မတရားသဖြင့် လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ် အနေနှင့် ကိုရမ်ကျမ်း စာအုပ်အား ဖျက်ဆီးမှုသာ ပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ ထောင်တသက် ကျမည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်း စာအုပ်ကို ဖျက်ဆီးလျှင် ဘာသာရေး အကြည်ညိုပျက်စေမှု ဥပဒေအရ ထောင်တသက် ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူမိန်းကလေးအား ခံဝန်နှင့် ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့် ပတ်သက်၍ တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ ဒုတိယအကြိမ်မြောက် ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေး ပြန်လွတ်လာမည်ဟု ယူဆရသည်။
 Copy from - Freedom News Group

0 comments: