Monday, September 24, 2012

(ABSDF) ရဲ့လက်ရှိဥက္ကဌ ရဲဘော် ကိုသံခဲ နှင့် AUN-Japan တွေ့ဆုံ ..


ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိလာသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ လက်ရှိ ဥက္ကဌ ရဲဘော် ကိုသံခဲ နှင့် ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း( AUN-Japan) တို့ တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်ကို Takadanobaba ရှိ AUN ရုံးခန်း၌ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ကျင်းပခဲ့ကြပသည်။
 
တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အပြောင်းအလဲ မြန်မာ့နိုင်ငံရေး အခြေအနေများ ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ခဲ့ကြသည့်အပြင် ရဲဘော် ကိုသံခဲ မှ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ တိုင်းရင်းသားများအပေါ် ထားရှိသည့် ရပ်တည်ချက် သဘောထား များတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲသို့ တိုင်းရင်းသား အဖွဲ့ဝင်အဖွဲ့အစည်းအသီသီးတို့မှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
 
မိုင်းကျော်ဦး
AUN-Japan

0 comments: