Tuesday, July 31, 2012
ဂျပန်မှာ (၉)
Posted by Unknown at 9:19 PM 0 comments
Labels: ဂျပန်နိုင်ငံအကြောင်း, ဆောင်းပါး
လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်
Posted by PNSjapan at 3:09 PM 0 comments
Labels: သတင်း
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သောအစိုးရအဆင့် သတ်မှတ်ချက်
ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာ ကြည့် ကြရအောင်ပါ။ စင်ကာပူ အခြေစိုက် VRIENS & PARTNERS အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမှာ စီမံခန့်ခွဲမှု စိတ်ချရတဲ့ အစိုးရကောင်း (good governance) အဆင့် သတ်မှတ် ပေးလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ၁၉ နိုင်ငံ ကို မဏ္ဍိုင် ၆ ခု (Six Pillars) နဲ့ တိုင်းတာပြီး အဆင့် သတ်မှတ်ရာမှာတော့ မြန်မာနိုင်ငံက အားလုံးရဲ့ အောက်ဆုံး အဆင့် ၁၉ ဆွဲပါတယ်။ Laos နိုင်ငံတောင် မြန်မာနိုင်ငံ အဆင့်ရဲ့ အပေါ်မှာပါ။ အံ့သြဖို့ကောင်းတာက စီးပွားရေး ပိတ်ဆို့တာနဲ့ လားလားမျှ မဆိုင်တာ တွေ့ရပါတယ်။ Sanction မလုပ်ထားတဲ့ အာရှနိုင်ငံတွေလည်း ဘာဖြစ်လို့ မလာသလဲဆိုတော့ အခုအောက်မှာ ဖော်ပြပါ အချက်အလက်တွေကို ကြည့်ပြီး ကြောက်လို့ မလာတာ ပိုများပါသတဲ့။ ရင်းနှီး မြှုပ်နှံသူတွေဟာ အစိုးရကောင်း အဆင့် သတ်မှတ်ချက်မှာ မူတည်ပြီး စိတ်ချရတဲ့ နိုင်ငံတွေမှာ သူတို့ငွေတွေကို ဖြုန်းတတ် လေ့ရှိပါတယ်။ အစိုးရအနေနဲ့ အောက်ဖော်ပြပါ အရေးကြီး ကဏ္ဍတွေမှာတောင် စည်းကမ်း မရှိရင်တော့ ဘယ်လုပ်ငန်းရှင်မှ ရေရှည်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ သယံဇာတ နှိုက်ယူမယ့် လုပ်ငန်းရှင် အပေါစားတွေ လောက်ပဲ လာမှာပါ။
(၁) ဥပဒေစိုးမိုးရေး (Rule of Law)
မြန်မာပြည်မှာ သိတဲ့အတိုင်း ဗိုလ်ချုပ်များက ဥပဒေရဲ့အပေါ်မှာ ခွထိုင်ထားတယ်၊ သူတို့ပါးစပ်က အရက်နံ့နဲ့အတူ ထွက်လာတဲ့ စကားက ဥပဒေထက် ပြင်းတယ်။ လိုတမျိုး၊ မလိုတမျိုး သုံးတဲ့ ဥပဒေမျိုးကလည်း ဖောင်းပွနေတယ်။ ဗြိတိသျှခေတ် ဥပဒေတောင် ပါသေး။ ဒီလိုနဲ့ အုပ်ချုပ်တာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ အခုလည်း မပြောင်းသေးဘူး ဆိုတဲ့ သဘောပဲ။
(၂) နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုမှာ ထင်သာမြင်သာရှိမှု (Openness to International Trade & Business)
ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းလောက်က ဘယ်အချိန်၊ ဘာတင်ပို့မှန်းလဲ မသိ၊ ပြည်သူ အများပိုင်းက ဘယ်သူ့ကို လျှောက်လွှာ တင်ရမှန်းမသိ၊ ဘယ်ဌာန အရေးကြီးမှန်းလဲ မသိ၊ ဘယ်နေ့ ဘာလုပ်ပိုင်ခွင့် ချပေးမှန်းလဲ မသိ။ ဘာတင် သွင်းခွင့်ရှိမှန်းလဲ မသိ။ အများသိအောင်လဲ မကြေညာ။ ဖုံးဖုံးဖိဖိနဲ့ လုပ်စားနေတဲ့ အုပ်စုသာလျှင် ရှိသမျှ လုပ်ပိုင်ခွင့် အားလုံး သိမ်းကျုံးယူလိုက်မှ ... အော် ... သူက ကားပါမစ်၊ ဟော ... နောက်တယောက်က ကိုယ့်ရဲ့ ဘိုးဘွားပိုင် ခြံမြေယာမြေရဲ့ ပိုင်ရှင်ဖြစ်သွား၊ ဟိုအဖွဲ့က ရှိရှိသမျှ သယံဇာတ အားလုံး ပိုင်သတော်မူသော အရှင်သခင်ဖြစ်သွား၊ ဒီအဖွဲက ထွက်ကုန် အားလုံးရဲ့ သခင်ဖြစ်သွား ... ဆိုတာမျိုးတွေပေါ့။ အခုလည်း ဒေါ်စု ပြောနေပြီ။ ရခိုင်ကမ်းလွန် သဘာဝ
Posted by PNSjapan at 2:49 PM 0 comments
Labels: ဆောင်းပါး
Monday, July 30, 2012
ပြည်ပအကူအညီမပါဘဲ ကျွနု်ပ်တို့ဖြေရှင်းနိုင်ပါသည်။

အပြည့်အစုံက ဒီလိုပါ -
Posted by PNSjapan at 9:11 PM 0 comments
Labels: ထုတ်ပြန်ကြေငြာချက်
"၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ် "
Posted by PNSjapan at 8:34 PM 0 comments
Labels: သတင်း
အမိန့် မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ
ကချင်ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်း စစ်ဆင်ရေး ကွပ်ကဲရေး ဗျူဟာစခန်း မှ စစ်ဆင်ရေး ညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီး နေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင် နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ် ရင်ဆိုင်တိုက်ခိုက်ရန
Posted by PNSjapan at 6:26 PM 0 comments
Labels: သတင်း
၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်

July 30, 2012
မနေ့က ဒေါ်စု ကနေပြည်တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်းတွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတင်းထောက်တွေကို နေပြည်တော်မှာ ပြောလိုက်တာကို AP သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြား ခဲ့ပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
Posted by PNSjapan at 5:30 PM 0 comments
Labels: သတင်း
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)၊(၂)

Posted by PNSjapan at 8:57 AM 0 comments
Labels: ဆောင်းပါး
အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော ဒေသသို့ စိတ်ဓာတ်မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်..
ခရီးစဉ်တွင် ပွဲတော် ကျင်းပသည့် နေရာသို့ မြန်မာ တိုင်းရင်းသားများ ရိုးရာ အစားအသောက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ကြသည့်အပြင် ဖျော်ဖြေရေး တာဝန်ယူထားသည့် အဖွဲ့များမှလည်း ယဉ်ကျေးမှု ဖလှယ်သည့် အနေဖြင့် မြန်မာရိုးရာအက နှင့်မြန်မာ့တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြစ် တင်ဆက်ခဲ့ကြ ပါသည်
Posted by PNSjapan at 1:02 AM 0 comments
Labels: သတင်း
Saturday, July 28, 2012
ကမ္ဘာ့အသေးဆုံးနိုင်ငံ
Vatican city (ဗက်တီကန်စီးတီး) နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး ဧက ၁၁၀ အကျယ်အဝန်းရှိ ၊(၂၀၁၁ ဇူလှိုင်လ စစ်တမ်းအရ) လူဦးရေ ၈၃၀ ကျော်သာ ရှိသော နိုင်ငံ ဖြစ်ပါသည်။ တည်နေရာမှာ ဥရောပတိုက်၊ အီတလီနိုင်ငံ၊ ရောမမြို့လယ်တွင် ဖြစ်သည်။
ကမ္ဘာ့ အသေးဆုံး အချုပ်အခြာ အာဏာပိုင် နိုင်ငံ
ရုံးသုံး ဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင် သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်း လုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက် ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
Posted by PNSjapan at 6:13 PM 0 comments
Labels: သတင်း
ဂျိမ်းစ်ဘွန်း၊ မစ္စတာဘင်း၊ ပန့်ခ်ဂီတ၊ ဘုရင်မကြီး၊ ဒေးဗစ်ဘက်ကမ်တို့နဲ့ လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း
Posted by PNSjapan at 5:45 PM 0 comments
Labels: ရုပ်သံသတင်း
အကြိမ် ၃၀ မြောက် နွေရာသီ အိုလံပစ် ပွဲတော် ကို လန်ဒန် မှာ ဖွင့်လှစ်



ပွဲတော် မဖွင့်လှစ်ခင်မှာ ဗြိတိသျှ တော်ဝင် လေတပ်က တိုက်လေယာဉ်တွေက အလှပြခဲ့ပြီး ၊ Slumdog Millionaire ဇာတ်ကားနဲ့  အော်စကာဆု ရရှိသွားခဲ့တဲ့ ဗြိတိသျှ ဒါရိုက်တာ ဒန်နီဘွိုင်းလ်က ဦးဆောင်ပြီး ကျင်းပခဲ့ ပါတယ်။
ဇာတ်လမ်း တွ တစ်ခုပြီးတစ်ခု တင်ဆက်မှုနဲ့ အတူ ပြသခဲ့ရာမှာ ရှိတ်စပီးယား ဇာတ်ကောင်တွေ ၊ အိုလံပီယာ တောင်ခြေမှာ အိုလံပစ် အားကစား ပေါ်ပေါက်လာပုံ ၊ နာမည်ကျော် ဗြိတိသျှ ၀တ္ထုထဲက ဇာတ်ကောင်တွေနဲ့  ပုံဖော် ခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလမှ ပြသမယ့် ဂျိမ်း(စ)ဘွန်းရုပ်ရှင် ကားသစ် ဖြစ်တဲ့ Skyfall ဇာတ်ကားထဲက လေထီး အလွတ် ခုန်တဲ့ ဇာတ်ဝင်ခန်း တစ်ခုကို ပြန်လည် သရုပ် ပြသခဲ့ရာမှာ ရင်သပ်ရှုမော ဖွယ်ရာ ဖြစ်ခဲ့တာကြောင့် ပရိသတ်ကလည်း လက်ခုပ် လက်ဝါးတီးပြီး အားပေးခဲ့ကြ ပါတယ်။
မကြာခင် ရုံတင်မယ့် Skyfall ဇာတ်ကားမှာ ဘုရင်မကြီး ကိုယ်တိုင် သရုပ်ဆောင်မှုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အိုလံပစ် ပွဲတော် ဖွင့်ပွဲကိုလည်း ဘုရင်မကြီး ကိုယ်တိုင် တက်ရောက်ခဲ့ ပါတယ်။ အိုလံပစ် ပြစ် ပြိုင်ပွဲ မဖွင့်လှစ်ခင် နံနက် အစောပိုင်း ကတည်းက လန်ဒန် မြို့  တစ်ဝှမ်းမှာ လာရောက် လည်ပတ်သူတွေ ၊ မြို့ ခံတွေက အိုလံပစ်ပွဲတော်အတွက် အလွန်အမင်း တက်ကြွ လှုပ်ရှား နေကြပါတယ်။
မနက် အစောပိုင်းက အိုလံပစ် ပြိုင်ပွဲ စတင်မှု ခေါင်းလောင်း ထိုးပြီး နောက်ပိုင်း လန်ဒန်မြို့ ကြီး သက်ဝင် လှုပ်ရှား လာလိုက်တာ ကျွန်တော် ရောက်ဖူးတဲ့ ဘယ်မြို့ နဲ့မှ မတူအောင်ပါပဲလို့  ဘောလိဝုဒ် မင်းသားကြီး အမီတာ ဘဂျမ်းက ပြောပါတယ်။ အိုလံပစ် ပွဲတော်တွေကို နွေရာသီ အိုလံပစ်ပွဲတော်နဲ့  နှင်းလျှောစီး ၊ ရေခဲပြင် စကိတ်စီးတို့  ပါဝင်တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် အဖြစ် နှစ်မျိုးခွဲပြီး ကျင်းပပါတယ်။ နွေရာသီ အိုလံပစ် ပွဲတော်ကို လေးနှစ် တစ်ကြိမ် ကျင်းပရာမှာ ၂၀၀၈ ခုနှစ်က တရုတ်ပြည်မှာ နောက်ဆုံး ကျင်းပခဲ့ ပါတယ်။
အိုလံပစ် ပွဲတော်တွေကို နာမည်ကျော် သရုပ်ဆောင်တွေ ၊ အဆိုတော်တွေ ၊ ကျော်ကြားသူတွေ လည်း တက်ရောက် ကြပြီး ၂၀၀၂ ခုနှစ် အမေရိကန်နိုင်ငံ ဆော့လိပ်မြို့ မှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ် ပွဲတော်ရဲ့  ဥက္ကဌ နဲ့  အခု ရီပတ်ဘလီကန် ပါတီရဲ့  သမ္မတလောင်း မစ်ရွမ်နီ ၊ အမေရိကန် သမ္မတ အိုးဘားမားရဲ့  ကတော် မစ်ချလ် အိုဘားမားတို့  တက်ရောက် ခဲ့ကြပါတယ်။
သြဂုတ် လ ၁၂ ရက်နေ့ အထိ ကျင်းပမယ့် အကြိမ် ၃၀ မြောက် အိုလံပစ ပြိင်ပွဲကို နိုင်ငံပေါင်း၂၀၄ နိုင်ငက အားကစားသမား ၁၆၀၀၀ က ပြိုင်ပွဲ ၂၆ မျိုးမှာ ရွှေတံဆိပ်ဆု ၃၀၂ ဆုကို ရရှိဖို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Copy from - freedomnewsgroup
Posted by PNSjapan at 5:10 PM 0 comments
Labels: သတင်း
တိုင်းရင်းသားကာကွယ်ရေး ဥပဒေ သတ်သတ်မှတ်မှတ်ရှိသင့်
ဇူလိုင်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။
Posted by PNSjapan at 12:42 AM 0 comments
Labels: သတင်း
KIA အား စစ်ဆင်ရန် အစိုးရ တပ်ဖွဲ့၏ အရေးပေါ် အစည်းအဝေး

Posted by PNSjapan at 12:23 AM 0 comments
Labels: သတင်း
ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ
Posted by PNSjapan at 12:12 AM 0 comments
Labels: သတင်း
Friday, July 27, 2012
စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။
စေတနာ့ဝန်ထမ်း ခရီး လိုက်ပါမည့်သူများသို့ ထုတ်ပြန်ကြေငြာချက်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
၂၀၁၁ ခုနှစ်၊ အရှေ့ဂျပန် ငလျှင်နှင့် ဆူနာမိဘေးသင့်ခဲ့သော Miyagi-ken, Ishinomaki မြို့သို့ စိတ်ဓာတ် မြင့်တင်ရေး စေတနာ့ ၀န်ထမ်း ခရီးစဉ်သို့ လိုက်ပါရန် စာရင်းပေးထားသူများ သိသာရန် အောက်ပါတို့ကို ထုတ်ပြန် ကြေငြာပါသည်။
၁။ ခရီး လိုက်ပါမည့်သူများသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (စနေနေ့) ည ၁၂ နာရီ နောက်ဆုံးထား၍ သတ်မှတ် နေရာဖြစ်သော Takadanobaba ဘူတာအနီး ကွက်လပ်တွင် ရောက်ရှိ ရမည်ဖြစ်ပါသည်။
၂။ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၁ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပါ၍ သတ်မှတ်ချိန်ထက် နောက်မကျပါရန် တိုက်တွန်း နှိုးဆော်အပ် ပါသည်။
၃။ ခရီးစဉ်အတွက် ထည့်ဝင်ရမည့် ငွေမှာ ယန်း ၅၀၀၀ ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ဇူလိုင်လ ၂၉ ရက်၊ နေ့လည်စာအား တာဝန်ယူ ကြွေးမွေးမည်ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက် နံနက်စာ၊ ညနေစာတို့အား မိမိအစီအစဉ်ဖြင့် စားသောက် ကြရန်ဖြစ်ပါသည်။ ခရီးစဉ် တလျှောက် ရပ်နား စခန်းများတွင် စားသောက်နိုင်ရန် စီစဉ်ပေးပါမည်။
၎။ ခရီးစဉ်တလျှောက် အစီအစဉ်များအား စနစ်တကျ အချိန်ကိုက် လုပ်ဆောင်နိုင်ရန်နှင့် တိုကျိုမြို့သို့ သတ်မှတ်အချိန်ပြန်လည် ရောက်ရှိနိုင်ရန်အတွက် ခရီးလိုက်ပါမည့်သူများအားလုံး စုပေါင်းသွားလာကြရန်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် သီးခြားလုပ်ဆောင်ခြင်းကို သည်းခံကြပါရန် မေတ္တာရပ်ခံပါသည်။
၅။ မြန်မာနိုင်ငံသားများ၏ မွန်မြတ်သော စေတနာ လုပ်အားပေး ခရီးဖြစ်ပါ၍ ခရီးစဉ်တလျှောက် အရက် သေစာ သောက်စားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းတို့ကို လုံးဝ ရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
၆။ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်များ (သွားတိုက်ဆေး၊ သပွတ်တံ၊ မျက်နှာသုပတ်ပုဝါ၊ ဆေးဝါး စသဖြင့်) မိမိ အစီအစဉ်ဖြင့် ယူဆောင်လာကြရန် ဖြစ်ပါသည်။
၇။ အစားအသောက် ချက်ပြုတ်ရောင်းချရန် တာဝန်ယူထားသူများ၊ ဖျော်ဖြေရေးတာဝန် ယူထားသူများ အနေဖြင့် လိုအပ်သည့်ပစ္စည်း များအား သေချာစွာ စီစစ် ယူဆောင်လာရန် လိုအပ်ပါသည်၊ ခရီးစဉ် သွားရောက်မည့် နေရာသည် ဆူနာမိဘေးသင့်ခဲ့ရာ ပင်လယ်ကမ်းစပ်နှင့် ကပ်လျှက် တည်ရှိနေပြီး ပြန်လည် ထူထောင်ကာစဖြစ်၍ လိုအပ်သည့်များအား အလွယ်တကူ ၀ယ်ယူနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။
၉။ အလွန် ပူပြင်းသော နွေရာသီ ခရီးစဉ်ဖြစ်ပါ၍ ကျန်းမာရေး အထူး ဂရုပြုရန် လိုအပ်ပါသည်။ ပွဲတော် ကျင်းပရာနေရာသည် ကွင်းပြင် ကွက်လပ်တွင် ဖြစ်ပါသည်။
၁၀။ တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကို ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်၊ ပြန်ကြားရေး
Network for Democracy in Burma (NDB)
Posted by PNSjapan at 3:15 PM 0 comments
Labels: နှိုးဆော်ခြင်း
စစ်အာဏာရှင်ကြီးများနဲ့ မြန်မာ့သယံဇာတ

သယံဇာတပေါကြွယ်ဝလှတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ကိုယ်ကျိုးရှာ စီးပွားရေး သောင်းကျန်းသူ စစ်အာဏာရှင် များကြောင့် ဖွတ်ဖွတ် ညက်ညက် ကြေနေရတဲ့ အကြောင်း ဒေသခံ တိုင်းရင်းသား ပြည်သူလူထုတွေ ခမျာမှာတော့ ဒေသဆိုင်ရာ စစ်ဖက် အကြီးအကဲတွေနဲ့ အာဏာပိုင် အဆင့်ဆင့်တွေကြောင့် အဘက်ဘက်က ဆင်းရဲ နိမ့်ကျနေကြတဲ့ အကြောင်းတွေကို တရားခံ ဖော်ထုတ် တင်ပြထားချက်အား စစ်ဖက် နီးစပ်သူ တစ်ဦးက ပေးပို့လာရာ စာဖတ် ပရိသတ်များအား ဒီကနေ့ တင်ပြလိုက်ရပါတယ်။ အခုလိုပေးပို့လာတဲ့ စစ်ဖက်နဲ့ နီးစပ်သူအား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
ကချင်ပြည်နယ်တွင် သစ်သူခိုး တရုတ်များနှင့် ကိုယ်ကျိုးရှာ မြောက်ပိုင်းတိုင်း (မပခ) တိုင်းမှူး အဆက်ဆက် အကြောင်းများ
တရုတ် နယ်စပ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုမက ကြာမြင့်ခဲ့ပါပြီ။ အဲဒီလို ခိုးထုတ် နိုင်အောင် မြန်မာစစ်တပ်က တိုင်းမှူးအပါအ၀င် ထောက်လှမ်းရေး တပ်မှူး၊ ဗျူဟာမှူး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများသာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၊ ရဲ၊ ဌာနဆိုင်ရာ၊ သစ်တောဌာန စတဲ့ တာဝန်ရှိသူ အားလုံးဟာ တစ်နည်းမဟုတ် တစ်နည်း ပါဝင် ပတ်သက် ခဲ့ကြပါတယ်။
အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြားလာလိုက်တာ ပွဲတော်ကြီးတစ်မျှပါပဲ။ ၁၉၉၅ ခုနှစ်မှာ ဗန်းမော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)နဲ့ ပေါင်းပြီး ခိုးတဲ့ သစ်သူခိုး တရုတ်တွေရဲ့ ကားအုပ်စုကြီးကို မြစ်ကြီးနားဖက်မှ တိုင်းစစ်ဌာနချုပ် မပခ အုပ်စုက ဖမ်းထည့် လိုက်တာ (အဝေမတည့် တာလား ဗန်းမော် ဒကစနဲ့ ဂွင်ရိုက်ထားတာ မသိလို့လား မသိဘူး) ပြဿနာ အကြီးအကျယ် တက်သွားကာ အဲဒီခေတ်က ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သွားရှင်းရတာ သစ်ခိုးကားတွေက အစီး တစ်ရာတောင် ကျော်ပါရောလား။ တရုတ်တွေလည်း အယောက် တစ်ရာကျော် ပါတယ်။
အဲဒီနောက်တော့ နဲနဲငြိမ်သလို ရှိလိုက် သစ်ခိုးမှုတွေ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေပြီး ဗန်းမော်မှာလည်း ဒကစ မထားတော့ပဲ စကခ (၂၁) ပြောင်းထိုင် လိုက်ပါတယ်။ ဒကစက ပြဿနာ အကြီးအကျယ် တက်ပြီး နောက်ပိုင်းမှာ ထောက်လှမ်းရေးက တန်ခိုး ထွားလာပြီး သစ်သူခိုးတွေဟာ ထောက်လှမ်းရေးနဲ့ ပေါင်းကာ ပိုမို အတင့်ရဲစွာ လုပ်လာပါတော့တယ်။ ထောက်လှမ်းရေးက သတင်းအရ စုပေါင်းအဖွဲ့နဲ့ ဖမ်းမယ်ဆိုပြီး ရဲ၊ သစ်တော၊ မယက၊ တပ်တို့ကိုဖွဲ့ပြီး ဖမ်းခိုင်းပါတယ်၊ တကယ်က သူတို့ သတင်းအရသာ သွားလာ လှုပ်ရှားရပြီး သူတို့ကတော့ တကယ်ခိုးထုတ်တဲ့ အဖွဲ့နဲ့ပေါင်းကာ လမ်းကြောင်း လွှဲထားပါတယ်။ အဲဒီအဖွဲ့ကတော့ သူကိုယ်သူ ခင်ညွှန့် မွေးစားသားဆိုပြီး သတင်းလွှင့်ခဲ့တဲ့ စိုးမင်းပိုင် ဆိုသူဖြစ်ပြီးတော့ ထောက်လှမ်းရေး (၈) တပ်မှူးကတော့ ဗိုလ်မှူးမင်းလွင် ဆိုသူ ဖြစ်ပါတယ်။
မင်းလွင်ကတော့ ခင်ညွှန့်ပြုတ်ပြီး ကကလှမ်းက လူတွေ အပြစ်ပေးတဲ့အထဲမှာ ပါသွားပါတယ်။ စိုးမင်းပိုင်ကတော့ မင်းလွင်တို့ အခြေအနေ မကောင်းတာ ကြားတာနဲ့ တရုတ်ပြည်ဘက်ကို တိမ်းရှောင် သွားပါတယ်။ အဲဒီနှစ်လောက်က တိုင်းမှူးဟာ ဗိုလ်ချုပ်မောင်မောင်ဆွေ ဖြစ်ပါတယ်။ သူကလည်း အေးတိအေးစက်နဲ့ ဆိုပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။ ဒေသဖွံဖြိုးရေးအတွက် ဆိုပြီး သစ်သယ်ယူခွင့်တွေကို ပယက မှ စာနဲ့တရားဝင် သဘောမျိုး ခွင့်ပြုလာခဲ့ပါတယ်။ ဒေသအတွင်းရှိ ကျေးရွာ စာသင်ကျောင်းများ အမည်ခံ၍သော်၎င်း၊ အပစ်အခတ် ရပ်အဖွဲ့များ အတွက်သော်၎င်း နာမည်အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးပြပြီး ခွင့်ပြုလာခဲ့ပါတယ်။ အလကားတော့မဟုတ်ပါ။ ပယက ရန်ပုံငွေအဖြစ် သစ်တစ်တန်ကို ကျပ်၂၀၀၀၀ိ/ နှုန်း ကောက်ခံတာ ဖြစ်ပါတယ်။
ပြီးတော့ ဒီတိုင်းမှူးက စာတော့နဲနဲတတ်ဟန် တူပါတယ်။ ကျွန်းသစ်ကိုတော့ စာဖြင့် တရားဝင် ခွင့်ပြုခြင်း မရှိပါဘူး။ သစ်မာကိုသာ ခွင့်ပြုပါတယ်။ အဲဒီအခါ ကချင်ပြည်နယ်မှာ ပိတောက်ပွဲတော်/တမလန်း ပွဲတော်ကြီးကို ဒေသခံများရော တရုတ်များရော ကချင်ငြိမ်းချမ်းရေးများပါ သူ့ထက်ငါ ဦးအောင် အလုအယက် ပါဝင်ဆင်နွဲပါတော့တယ်။ စစ်တိုင်းရဲ့ ခွင့်ပြုစာပါလာတော့ သစ်မာသာမက ကျွန်းသစ်ကိုပါ ရောယောင် ခုတ်လှဲထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများသာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။
ကချင်ငြိမ်းချမ်းရေးကလည်း သစ်ကွက်များကို ဧရိယာအလိုက် ရောင်းစားပါတော့တယ်။ အဲဒီနှစ် (၂၀၀၂) ကူမင်းကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က သွားတဲ့အဖွဲ့မှာ အဲဒီအချိန်က စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းလည်း ပါသွားရာ ဒေသ လေ့လာရေးအဖြစ် ကူမင်းအနီးတ၀ိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာမှ မြန်မာဘက်က ခိုးထုတ်သယ်ယူ စုပုံထားတဲ့ ကျွန်းသစ်၊ ပိတောက်၊ တမလန်းသစ်တွေကို တန်ချိန် သောင်းဂဏန်းနီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူသွားပြီး နေပြည်တော်က သစ်တောဝန်ကြီးနဲ့ ဗိုလ်သန်းရွှေတို့ကို တင်ပြနိုင်ခဲ့ရာ တရုတ် - မြန်မာနယ်စပ်က
Posted by PNSjapan at 3:09 PM 0 comments
Labels: သတင်း
ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်
ပါကစ္စတန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ အတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး TTP က သူတို့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်းကိုတော့ ဝေဖန်သူတွေက သံသယ ရှိနေကြပါတယ်။
အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်အရ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင် Time Square မှာ ဗုံးခွဲဖို့ ကြိုးစားခဲ့တာဟာ အဲဒီ တာလီဘန် TTP အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဟာကီမူလာ Hakimullah ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်စခန်းမှာ အသေခံ ဗုံးခွဲမှုတစ်ခုကြောင့် အမေရိကန် ဗဟိုထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ဝင် ၇ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ စွဲချက်တင်ထားပါတယ်။
Posted by PNSjapan at 8:58 AM 0 comments
Labels: သတင်း
" ဒီ ပွဲကြီးက ဘယ်တော့ပြီးမှာလည်းတဲ့"
Posted by PNSjapan at 12:30 AM 0 comments
Labels: ဓါတ်ပုံ
Thursday, July 26, 2012
ပါကစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်တာလီဘန်များက ဘင်္ဂလီခေါ်တောများအတွက် ကလဲ့စားချေမည်ဟု ခြိမ်းခြောက်
ယနေ့ထုတ် ထိုင်းသတင်းစာ တစ်စောင်က ပါကစ္စတန်မှ အကြမ်းဖက် တာလီဘန်အုပ်စု TTP က ပါကစ္စတန်နဲ့ မြန်မာ သံတမန် ဆက်ဆံရေး ရပ်တန်းဖို့နဲ့ ဘင်္ဂလီ ခေါ်တောများအတွက် (သင်တို့သွေးအတွက် ကလဲ့စားချေမည်) ဟု ခြိမ်းခြောက်ခြင်းကို ဖော်ပြ ထားပါတယ်။
မြန်မာတို့ရဲ့အ ကျိုးစီးပွား
http://www.manager.co.th/
Posted by PNSjapan at 11:57 PM 0 comments
Labels: သတင်း
UNFC က တွေ့ဆုံရေးအတွက် အစိုးရကို ကမ်းလှမ်း

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဇွန်လ (၁၆) ကနေ (၁၈) ရက်ထိ နှစ်ရက်ကြာ ကျင်းပတဲ့ UNFC အစည်းအဝေးကနေ အခုလို တောင်းဆို လိုက်တာပါ။ UNFCအနေ
"ဇွန်လ၁၀၇က်နေ့ မတိုင်မီမှာက
Posted by PNSjapan at 3:16 PM 0 comments
Labels: သတင်း
မလေးရှားတွင် ရခိုင် အမျိုးသား နှစ်ဦး အသတ်ခံရ....
Posted by PNSjapan at 3:04 PM 0 comments
Labels: သတင်း
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာ များပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့... လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ် ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေက
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်း လာပြီဆို ရင် *3370# ကိုနှိပ် လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ် သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာ ဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အား ပြန် ပြည့်လာတာကို တွေ့ရမှာ ဖြစ်ပါ
Posted by PNSjapan at 2:52 PM 0 comments
Labels: ဗဟုသုတ
ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဘ်ဆိုက် တချို့မှာတော့ ပြောဆိုချက်တွေကို မျဉ်းကြောင်းတားပြီး အတည်ယူနေပါပြီ..

http://translate.google.com/translate?hl=en&sl=auto&tl=en&u=http%3A%2F%2Fbbs.my0511.com%2Ff152b-t3924362z-1

“密松大坝必须继续修建”
Myitsone dam must continue to build "
是的,这是他一个人的主意,不是国会决议。我们对此有反对意见。他试图隔断中缅的联系。သမ္မတရဲ့ တဦးတည်း ဆုံးဖြတ်ချက်ပါတဲ့ ပါလီမာန်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါ..။ ဒီ ဆုံးဖြတ်ချက်ကို ရှုံချ ပါတယ်.တဲ့
Yes, this is his idea of a person, not a congressional resolution. We have opposing views. He tried to cut
你觉得大坝有可能继续修建吗?
Do you think the dam is possible to continue the construction of it?
必须继续
Must continue to
不会的。我们对中国人很友好。当我们落难的时候,是中国人帮了我们。
We Chinese people are very friendly. When we are distressed, the Chinese people to help us.
ဒါကတော့ ယခုတင်ထားတဲ့ ပုံက လိုင်းတားထားတာတွေကို Google Translate ဘာသာပြန် လိုက်ပါတယ်..။ ဒီတော့ ဒီသတင်းကို တရုတ် ဝက်ဆိုဒ်တွေက အတည်ယူပြီး မျဉ်းကြောင်းတွေတား ဖော်ပြနေသလားပဲ..။
မူရင်းလင့်ခ် http://www.infzm.com/content/78148
ဓာတ်ပုံအား မျဉ်းကြောင်းတား ဖော်ပြတဲ့ လင့်ခ် http://bbs.my0511.com/f152b-t3924362z-1 မှာ မျဉ်းကြောင်း တားထားတာတွေ ဆက်လက်ဘာသာပြန်ပေး ကြပါ..။
သတင်းရင်းမြစ် - ဒီမိုဝေယံ
Posted by PNSjapan at 9:08 AM 0 comments
Labels: သတင်း
ကေအိုင်အေ ကချင်တိုင်းရင်းသားတပ်တွေနဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ။
Posted by PNSjapan at 8:49 AM 0 comments
Labels: ရုပ်သံသတင်း
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ်-
ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆ...ိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံ သူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီး ပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံး တောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကား တစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။ ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။
ဂျပန် ခေတ်မှာရော စစ်ပြီး ခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော် သမားလဲ ပါတာပေါ့။
ကျုပ်က ၁၉၄၅ မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့ ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ““မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်”” ဆိုတဲ့ စကားကို နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့
Posted by PNSjapan at 8:46 AM 0 comments
Labels: နှိုးဆော်ခြင်း
ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို
Posted by PNSjapan at 12:42 AM 0 comments
Labels: သတင်း
လပွတ္တာမြို့နယ် သဲဖြူနှင် ညောင်လိန်မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း
![]() |
လပွတ္တာမြို
|
လပွတ္တာမြို့နယ် ညောင်လိန် ကျေးရွာနှင့် သဲဖြူ ကျေးရွာတို့မှ လယ်သမားများ ပါဝင်သော ဆန္ဒ ထုတ်ဖော်သူ ၅၀ ခန့်သည် ယနေ့ နေ့လယ်ပိုင်းတွင် လပွတ္တာ မြိုနယ်အတွင်း လှည့်လည် ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း Myanmar News Now မှ သတင်း ရရှိပါသည်။
ဆန္ဒ ဖော်ထုတ် ရသည့်အကြောင်းရင်းမှာ ၄င်းတို့၏ လယ်များ အသိမ်းခံရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ မြောင်းမြမြို့မှ ရှေ့နေ ဦးဖိုးဖြူ လာရောက်ပြီး လယ်သမားများနှင့် ဆိုင်သော အခွင့်အရေးများ အကြောင်းကို ရှင်းလင်း ပြောပြသွားကြောင်းလည်း သိရသည်။ ဆန္ဒထုတ် ဖော်ပွဲသို့ လပွတ္တာမြို့နယ်မှ အဖွဲ့အစည်းများ လိုက်ပါ တက်ရောက် ခဲ့ကြောင်းလည်း သိရသည်။
Posted by PNSjapan at 12:28 AM 0 comments
Labels: သတင်း
KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ
“သေနတ်နဲ့ ပစ်ခတ်တာတော့ မဟုတ်ဘူး။ သူတို့တပ်ဖွဲ့က အဲဒီ ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ တပ်တွေက သူတို့ လှုပ်ရှားဖို့ ထွက်လာတဲ့ အချိန်မှာ ပစ်လိုက်တာ ဖြစ်တယ်။”
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာ (Laiza) အနီး ထိုနယ်မြေ တဝိုက်တွင် နေ့စဉ် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားသော နေရာများဖြစ်သည်။
ထို့ပြင် KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေ ကားမိုင်းတွင်လည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက် ကျဆုံးမှုကို အတိအကျ မသိရသေးပေ။
Posted by PNSjapan at 12:14 AM 0 comments
Labels: သတင်း
တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်၍ လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား
Posted by PNSjapan at 12:02 AM 0 comments
Labels: ရုပ်သံသတင်း
Wednesday, July 25, 2012
ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ... (ရေးသားသူ Myo Set)
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ် ကျည်အစွမ်း။ ကချင်ဒေသတွင် ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ် ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲ ဆင်မည့်အလား။
သို့ရာတွင် ခေတ်သစ် Globalization အခင်းအကျင်းတွင် အထီးကျန် မြန်မာနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေး စာမျက်နှာနှင့် နိုင်ငံခြားရေး ပေါ်လစီကိစ္စတွင် လူမမယ် လသားအရွယ်မျှသာ ရှိနေသေးသည်နှင့် တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971 မှ ပါကစ္စတန်ထံမှ လွတ်လပ်ရေး ရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီ ပရိယာယ် လက်အောက်တွင် ၁၉၄၈ ခုနှစ်ကတည်းက လွတ်လပ်ရေး ရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက် ခံနေရသည်။
ရေပိုင်နက် ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ် ဖက်မှ သတင်းစာ ရှင်းလင်းပွဲကို ပီပီပြင်ပြင် လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီး ယူပြသွားသည်။ ယခု ရိုဟင်ဂျာ ကိစ္စတွင်လည်း လက်နက်များ ဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်း ထွက်နေချိန်တွင် ကုလသမဂ္ဂ အရာရှိများကို ဖမ်းထားသည့်တိုင် ပြန်ကြားရေး ဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကို ကြောက်နေသည် မှန်းတော့ မသိချေ။ အချိန်မှီ သတင်းများကို တင်ဆက်နေသော ပြည်တွင်း မီဒီယာများ ကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေးသည်။ အာဂ ရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါ တကား။
ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။ ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင် တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။
ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့် နှပ်ကြောင်းပေး ပုံဖော်သည်မှာ "ရှိသမျှ ရိုဟင်ဂျာများကို မြန်မာမှ ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေး ဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘော တူသည်တဲ့"။ ဘင်္ဂလား မီဒီယာများမှ ထိုကဲ့သို့ ကျယ်ကျယ် လောင်လောင် အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလား မီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊ VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တော နတ်ကနားပွဲကို လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြ ကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။
နိုင်ငံတကာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ် ပြောသော "ဖာ" နိုင်ငံစစ်စစ် ဖြစ်သွားရလေပြီ။ တရုတ်က ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်း လောက်သာ ရှိသော နိုင်ငံမှ နားရွက် တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများ ခေါင်းငုံ့ခံ နေရလေ၏။ သန္တာရွှေတို့ အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့် ဌာနကြီးသည် သံအမတ် ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာ ဖြစ်နေလေရာ ယနေ့ကဲ့သို့ အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။
သြော် ငါတို့သည် အဖေ ဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင် နေရသော ကုသိုလ်ကံ မွဲ ရေနည်း ငါးများသာ ဖြစ်ရချေသည် တကား။
Posted by PNSjapan at 4:31 PM 0 comments
Labels: သတင်း
တရုပ်မြန်မာ နယ်စပ် လက်မှတ်တွေ ပတ်စပို့တွေ ရှိရက်နဲ့ အဖမ်းခံရ
Posted by PNSjapan at 3:27 PM 0 comments
Labels: ရုပ်သံသတင်း
၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည် အခမ်းအနား
၂၄ နှစ်မြောက် ၈၈၈၈ နှစ်ပါတ်လည်အခမ်းအနား
နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်။ ။ နေ့လည် ၁ နာရီ စုရပ်၊ ၂း၃၀ နာရီ အခမ်းအနား စတင်မည်၊ ၃း၀၀ စတင် ထွက်ခွာမည်။
နေရာ။ ။ Gotanda ဘူတာ အနီး၊ Minami Gotanda ပန်းခြံ။
နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်၊ (တနင်္ဂနွေနေ့)။
အချိန် ။ ။ ညနေ ၆ နာရီ မှ ည ၉ နာရီအထိ။
နေရာ။ ။ Otsuka ဘူတာ၊ Minami Otsuka hall။
တာဝန်ခံ ကျင်းပသော အဖွဲ့အစည်း
(၁) မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ/ NLD (LA)-JB
ဆက်သွယ်ရန်။
Posted by PNSjapan at 3:11 PM 0 comments
Labels: နှိုးဆော်ခြင်း
"ကားလိုမြန်သော ရထား ရန်ကုန်-မန်း ပြေးဆွဲရန် ဂျပန်သုတေသနစတင်"
လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထား ပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက် သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။
''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပျန် ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက် ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။ ၃၈၅ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲ နေသော်လည်း ဂျပန်အစိုး ရက အမြန်ရထား ပြေးဆွဲချိန်ကိုသာ ထက်ဝက် လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီး တစ်ဦးက'' အရင်တုန်းကဆ
၎င်းက အချိန် ၈ နာရီနှင့်သာ ရောက်ပါက ကားနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေ မရှိသလောက် နည်းပါးခြင်းကြောင့် ရထားကို သာစီးမည်ဟု ပြောသည်။
ရန်ကုန်-မန်း အမြန် ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်း နေကြောင်း မြန်မာ့မီးရ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့် ရပါမယ်။ ဒါမှ ခုတ်မောင်းချိန် ကနည်းသွားမှာပါ။ ဒီမှာ ရှိတဲ့ လမ်းပိုင်း၊ သံ လမ်း အခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေ လုပ်နေပါပြီ''ဟု ပြောသည်။
ဂျပန်ပညာရှင်များ၏ သုတေသန အစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု ရထားပို့ ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန် တစ်နာရီကြာ သာစီးနင်းပြီး သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။
Posted by PNSjapan at 3:02 PM 0 comments
Labels: သတင်း
တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ဆွေးနွေး ကြမည်
ထို့အပြင် ယမန်နေ့က တင်သွင်းရန် ရွေ့ဆိုင်းခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အဆိုကို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူသွားမည် ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်
Posted by PNSjapan at 2:52 PM 0 comments
Labels: သတင်း
မြန်မာ အစိုးရ၏ မူးယစ် ကုန်သည်အား KIA တပ်ရင်း(၆)မှဖမ်း
ဇူလှိုင်လ ၂၂ ရက်နေ့တွင် တာမခံမှ မူးယစ်ဆေးဝါး မျိုးစုံ ရောင်းဝယ် ဖောက်ကားသူ ဦးဒရှီဂမ်မွန်းနှင့် ဒေါ်သက်ရှည် တို့လင်မယားအား ဖားကန့်အခြစိုက် KIA တပ်ရင်း ၆မှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါသည်။ ထိုလင်မယားအား KIA တပ်ရင်း ၆ မှ ကြိမ်ဖန်များစွာ သတိပေး ခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဗမာအစိုးရ ဌာနဆိုင်ရာများနှင့် ပူးပေါင
ဦးဒရှီဂမ်မွန်း လင်မယားက အတိုင်းအတာကို လွန်လွန်းနေပြီ၊ နောက်ပြီး ပြည်သူလူထု ကလည်း အရမ်း ထိလာတယ်၊ ဒါကြောင့် အခုလို ဖမ်းဆီးရတာပါ ဟု KIA အရာရှိတစ်ဦးက မှတ်ချက်ပေးပါသည်။ ဦးဒရှီဂမ်မွန်း၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဌာနဆိုင်ရာ များအား တစ်လလျှင် ကျပ်ငွေ ၄၅ သိန်းခန့်ပေးဆာင် ရကြောင်း သိ
၁။ တာမခံ ရဲတပ်ဖွဲ့စခန်းအား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအားပေးရ။
၂။ တာမခံ အထူးမူးယစ် တပ်ဖွဲ့အား
၃။ စ.ရ.ဖ တပ်ဖွဲ့အား ၃ သိန်း ပေးဆောင်ရ၊ လူစေလွှတ် ယူဆောင်ခိုင်း။
၎။ S.B အဖွဲ့အား ၃ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအား ပေးဆောင်ရ။
၅။ ခရိုင် (DN) အဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအား ပေးဆောင်ရ။
၆။ ဖားကန့် နယ်ထိန်းအဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုဖိုးသား ဆိုသူအား ပေးဆောင်ရ။
၇။ တာမခံ ရယက အဖွဲ့အား ၅ သိန်း ပေးဆောင်ရ၊ ကိုလှရွှေ ဆိုသူ လာယူ။
၈။ ဖားကန့် မယက အဖွဲ့အား ၃ သိန်း ဆောင်ရ၊ ကိုထွန်းထွန်း ဆိုသူလာယူ။
၉။ စ.စ.စ အဖွဲ့အား ၃ သိန်း ပေးဆာင်ရ၊ ကိုထွန်းထွန်း ဆိုသူလာယူ။
Posted by PNSjapan at 9:03 AM 0 comments
Labels: သတင်း
ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်
Posted by PNSjapan at 12:02 AM 0 comments
Labels: သတင်း