Wednesday, June 27, 2012

NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်မပြု



ထိုင်းမြန်မာနယ်စပ် အခြေစိုက် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု​ NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ် ပြုမှာ မဟုတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ 

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာ မူဆလင်တွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွါးခဲ့တဲ့အပေါ်​ အခြေခံပြီး အခုလို ကြေညာချက် ထုတ်ရတာ ဖြစ်ကြောင်း NDFအဖွဲ့ အထွေထွေ အတွင်းရေးမှူး (ခွန်အိုး)က ပြောပါတယ်။ အခုလို ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းတွေ​ ပေါ်လာရတာဟာ မြန်မာအစိုးရ အဆက်ဆက်ရဲ့ မှန်ကန်တိကျတဲ့ တရားဥပဒေ စိုးမိုးရေး မရှိခြင့်ကြောင့်ပဲ ဖြစ်ကြောင်း NDFအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။ 

ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်ခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်ကြောင်း ၊ ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူ အပြစ်ပေးဖို့နဲ့ ၊ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေကို မြန်မာအစိုးရကရော နိုင်ငံတကာ အစိုးရတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ တိုက်​တွန်းထားပါတယ်။ 

 Copy from - RFA Burmese

0 comments: