
June 26, 2012
လားရှိုးမြို့မှ မူဆယ်မြို့သို့ ချီတက်လာသော စစ်ကား(၈)စီးပါသော စစ်ယာဉ်တန်းကို ဇွန်လ(၂၅) ရက်နေ့ (၁၁)နာရီခွဲအချိန် ကွတ်ခိုင်မြို့နယ်၊ နမ်ဖလွမ်ဒေသတွင် KIA တပ်ဖွဲ့မှ မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကား(၂)စီးမှာ လုံးဝပျက်စီးသွားကြောင်း သတင်းရရှိသည်။ ထိခိုက်ကျဆုံးမှု သတင်းကို ဆက်လက် စုံစမ်းဆဲဖြစ်သည်။
မြန်မာအစိုးရသည် ကချင်ဒေသတွင် စစ်တပ်ပို့လွှတ်ခြင်း၊ ရိက္ခာ၊ လက်နက်များကို စဉ်ဆက်မပြတ် ဖြည့်တင်းခြင်း ပြုလုပ်လျက်ရှိသည်။
မြန်မာအစိုးရအဖွဲ့မှ KIO အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုနေသော် လည်း၊ စစ်တပ်မှာမူ မိုးရာသီ ထိုးစစ်အတွက် ပြင်ဆင်မှုများကို ဆက်လက် ပြုလုပ်နေကြသည်။
မြန်မာ အစိုးရစစ်တပ်သည် စစ်ဆင်ရေး လှုပ်ရှားရာတွင် အရပ်သားယာဉ်များတွင် စီးနှင်းလိုက်ပါခြင်း၊ အရပ်ဝတ်ဖြင့် လှုပ်ရှားခြင်း ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ခရီးသည်တင်ယာဉ် သွားလာနေရသဖြင့် ခရီးလမ်းကြောင်းတွင် အချိန် ကြန့်ကြာမှု ဖြစ်နေရကြောင်း သတင်းရရှိသည်။
Copy from - myitkyina
0 comments:
Post a Comment