Tuesday, June 5, 2012

ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီး တစ်သံနှင့် ငလျှင် လှုပ်ရှားမှုတစ်ခုဖြစ်ပွား......


ဇွန် ၄ ရက် ၂၀၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည် ၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီး တစ်ခုဖြစ်ပွားပြီး ကော့သောင်း တစ်မြို့နယ်လုးံ စက္ကန့်အနည်းငယ်ကြာ ငလျှင်လှုပ်ရှားမှု တစ်ခုဖြစ် ပွားခဲ့ပါတယ်။

၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး ကော့သောင်းမြို့နယ်ဘုရင့်နောင်ရပ်ကွက်၊ ကမ်းနားပိုင်း တွင်နေထိုင်သော အသက် ( ၇၅) နှစ်အရွယ် အဘွားအိုတစ်ဦးမှ သူ့သက်တမ်းတလျှောက် ဒီလိုပေါက်ကွဲပြီး မြေကြီးလှုပ်ခက်တာ တခါမှမကြုံဖူးဘူး မြေပြိုသံလို ပေါက်ကွဲသံကြားပြီး ငလျှင် လှုပ်လိုက်တော့ ဆူနာမီများ ဖြစ်လာမလားဆိုပြီး စိုရိမ် မိတယ်လို့ပြောပါတယ်။

ကော့သောင်းမြို့နေ လူလတ်ပိုင်းတစ်ဦးကလည်း ကျွန်တော် ကော့သောင်းမှာ နေတာအနှစ် (၂၀) ရှိပြီ ဒီလိုဖြစ်တာ ဒီတစ်ခါပဲကြုံဖူးတယ် ကျွန်တော်တို့ဒီမှာက သဲစုပ်သင်္ဘောကြီးတွေက ကော့သောင်းနဲ့အနီးကပ် သဲစုပ်ယူမှုတွေက ရှိတော့ တစ်ချို့ကျေးရွာတွေလည်း မြေပြိုမှု တွေနဲ့ရင်ဆိုင်နေရပြီ အခုလည်း
ဒီသဲစုပ် သင်္ဘောတွေ သဲစုပ်ယူမှုကြောင့် မြေအောက်လိုင်ခေါင်းတွေဖြစ်ပြီး ပြိုကျ ပျက်စီးမှုတွေ ဖြစ်ပြီလားလို့ စိုးရိမ်မီတယ်လို့ ပြောပါတယ်။
၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး အဏာပိုင်များမှ တစုံတရာ ထုပ်ပြန်ကြေညာခြင်း မရှိသည့်အပေါ် မြို့ခံများမှ ထင်မြင်ချက် အမျိုးမျိုးဖြစ်ကာ စိုးရိမ်စိတ်များဖြစ်ပေါ်လျှက်ရှိကြောင်း ကော့သောင်းမြို့ ခံတဦးက သတင်းပေးပို့ထားပါတယ်။
သတင်းရင်းမြစ် - Infinity Power facebook မှ သူးယူခဲ့ပါသည်။

0 comments: