Monday, June 4, 2012

တပ်မတော်စစ်ကြောင်းမှ ရွာသားများအား အတင်းအကြပ် လမ်းပြခေါ်ဆောင်

June 3, 2012

boy

June 3, 2012   

ခမရ (၃၈၂) စစ်ကြောင်းသည် (၂၁-၅-၂၀၁၂) ရက်နေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျွဲနွား တိရိစ္ဆာန်များကို ပစ်ခတ် သတ်ဖြတ်သဖြင့် ရွာသားများ ထွက်ပြေးကြရာ (၁၃)နှစ် အရွယ် ကလေး အပါရွာသား(၈)ယောက်ကို စစ်ကြောင်းမှ လိုက်လံ ဖမ်းဆီး၍ ရိုက်နှက် ချည်နှောင်ပြီး (၂)ရက်တိုင်တိုင် ကြိုးတုတ် လှောင်ထားသည်။

၎င်းရွာသား(၈)ဦးအား ခမရ(၃၈၂)စစ်ကြောင်းမှ ပေါ်တာနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားစဉ် (၂၅-၅-၂၀၁၂)ရက်နေ့တွင် KIA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားရာ ရွာသား(၃)ယောက်သည် မိုင်း ထိမှန်ပြီး ဒဏ်ရာ ရရှိသွားသည်။


တပ်မတော် စစ်ကြောင်းများ ဆုတ်ခွာသွားပြီးနောက် KIA အဖွဲ့မှ ရှင်းလင်းရေး ၀င်ရာတွင် ဒဏ်ရာ ရရှိနေသော ရွာသားများကို တွေ့ရှိပြီး တရုတ်နိုင်ငံ၊ ထိန်ချုံးဆေးရုံသို့ ဆေးကုသရန် ကူညီပို့ဆောင် ထားကြောင်း သိရှိရသည်။
ပေါ်တာနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားရာတွင် ဒဏ်ရာရရှိသောရွာသားများမှာ-
(၁) ဖရဲဆောင်ချန်း (၁၃-နှစ်) – (ဘ) ဦးခေါဆောင်၊
- မျက်နှာ၊ ဘယ်လက်မောင်းနှင့် ၀မ်းဗိုက်ဒဏ်ရာရ၊ (အူ-၃-ချက်ဆက်ရ)
(၂) ဦးဖရဲဘောမ်ဆောင် (၄၇-နှစ်)
- ညာလက် ဒဏ်ရာရ။
(၃) ဖရဲဆောင်လန်း (၁၅-နှစ်) (ဘ) ဦးချန်းတိန့်ဆောင်
- ညာခြေထောက်တွင် ဒဏ်ရာရ။

Copy from - myitkyina

0 comments: