မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်။
ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြပွဲ။
နိုင်ငံတကာ လှုပ်ရှားမှု / Global campaign
ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထု တရပ်လုံးမှ အစဉ်တစိုက် တောင်းဆိုနေသည့် ကြားထဲမှ။ နိုင်ငံဥသျှောင် အကြီးဆုံး အချုပ်အချာ အာဏာပိုင် သမတကြီးမှ ချက်ခြင်း ရပ်တန့်ရန် အမိန့်ပေးထားသည့်ကြားထဲမှ ကချင်ပြည်နယ်အတွင်း စစ်မီးများ တောက်လောင်နေရာ ဇွန်လ ၉ ရက်ဆိုလျှင် ၁ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ကချင်လူမျိုးပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရ လိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။ နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေး လာခဲ့ရတဲ့ သူတို့အားလုံးဟာ တိုက်ပွဲများ လုံးဝအဆုံးသတ်သွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါတယ်။
ကချင်ပြည်နယ်ဟာ ကျနော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတွေဟာ ကျနော်တို့ရဲ့ သွေးချင်းတွေ ကျနော်တို့ရဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ၀ိုင်းဝန်း တောင်းဆိုကြရအောင်။
အချိန်။ ။ ညနေ ၃ နာရီမှ ၄ နာရီအထိ။
နေရာ ။ တိုကျို ကြံဖွတ် အခွန်ရုံးရှေ့ ။
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းများနှင့်အတူ မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB မှ နိုင်ငံတကာတွင် ရှိကြသော ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့် အတူ ပူးတွဲ လှုပ်ရှားမှု ဖြစ်ပါသည်။
NDB ပြန်ကြားရေး။
0 comments:
Post a Comment