Friday, June 29, 2012

ဒီမိုကရေစီ ဘက်တော်သားတိုင်း သတိပြုသင့်သော ဒေါ်အောင်ဆန်းစုကြည်၏ သတိပေး သံချောင်းခေါက်သံ



မြန်မာ့ဒီမိုကရေစီ စနစ်အတွက် ရုန်းကန်ချင်တဲ့ လူတွေအနေနဲ့ အခုကတည်းက စပြီး ကြိုးစားဖို့လိုတယ် လို့ မြန်မာ့ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မြန်မာပြည်မှာ လောလောဆယ် ရှိနေတဲ့ အခွင့်အရေးမျိုး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အရင်က တခါမှ မကြုံခဲ့ရဖူးလို့ လက်ရှိအခွင့်အေရးကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဥ...ရောပခရီးစဉ်ရဲ့ နောက်ဆုံး နိုင်ငံအဖြစ် ပြင်သစ်ကို ရောက်နေစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ၊ အခုကတည်းက ကြိုးစားမှ ၂၀၁၅ ရွေးကောက်ပွဲကို ကိုယ်လိုချင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။

“အားလုံးက ၂၀၁၅၊ ၂၀၁၅ လို့ ပြောနေကြတယ်။ ဒါပေမယ့် ၂၀၁၅ မှ လှုပ်ရှားလို့ရှိရင် အင်မတန်မှ နောက်ကျသွား လိမ့်မယ်။ အခုကတည်းက စပြီးလှုပ်ရှားရမယ်။ ကျမ အမြင်မှာတော့ အခု ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ဟာ ၂၀၁၅ ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဒီနှစ်တွေဟာ ၂၀၁၅ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်လို့ အခု နှစ်တွေအတွင်းမှာ အထူးရုန်းကုန်ဖို့၊ ကြိုးစားဖို့ သတိရှိဖို့ လိုတယ်လို့ ကျမက သတိပေးချင်ပါတယ်။”

လက်ရှိအခွင့်အရေးတွေဟာ ရာစုနှစ်ဝက်အတွင်း ပထမဆုံးရတဲ့ အကောင်းဆုံးရနေတဲ့ အခွင့်အရေးဖြစ်လို့ ဒါကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ကျမတို့နိုင်ငံက ဘယ်အခြေအနေမှာ ရောက်နေပြီလဲ ဆိုတာကို သေသေချာချာ သိဖို့ လိုပါတယ်။ အခုချိန်မှာ အခွင့်အရေးသစ်တွေ ရနိုင်တဲ့အချိန်မှာ ရပြီလို့ ကျမတို့ ပြောတာ မဟုတ်ပါဘူး။ အခွင့်အရေးအသစ်တွေ ရနိုင်တဲ့အချိန်မှာ မှန်မှန်ကန်ကန်နဲ့ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ဟာက အင်မတန်အရေးကြီးတယ်ဆိုတာ အားလုံးကို နားလည်စေချင်ပါတယ်။ ဒီအခွင့်အရေး အသစ်တွေကို သေသေချာချာ မသုံးလို့ရှိရင် နောက် ဆယ်စုနှစ်ပေါင်းများစွာ ကျမတို့ထပ်ပြီး ရုန်းကန်ရဦးမှာပါ။ ဒီဟာက နှစ် ၅၀ အတွင်းမှာ အကောင်းဆုံး ရရှိတဲ့အခွင့်အရေးတွေ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမေပြာချင်ပါတယ်။”
 
 Thaung Tan Cho facebook မှကူးယူခဲ့ပါသည်။

0 comments: