Tuesday, June 5, 2012

"ဗမာစာပါ ပျောက်မှာစိုး"

"ဗမာစာပါ ပျောက်မှာစိုး" 
 ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှု ပပျောက်ရင် လူမျိုးပါ ပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာ ကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။

အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါ သင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ် စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။

ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

(လူထုစိန်ဝင်း)

0 comments: