Saturday, June 30, 2012

““သောက်ရေကန်အဆိပ်ခတ်မှုကြောင့် မြေပုံမြို့တွင် နှစ်ဖက် တင်းမာ””


ရန်ကုန်၊ ဇွန် - ၂၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့ ဈေးအနီး တစ်ရာတန် သောက်ရေ ကန်တွင် အဆိပ်ခတ် မှုကြောင့် ရခိုင်တိုင်း ရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများကြား ယနေ့ မွန်းလွဲပိုင်းမှ စတင်၍ နှစ်ဖက် တင်းမာမှု စတင်ဖြစ်ပွား ခဲ့ကြောင်း မြေပုံမြို့ခံများက 7Day News သို့ ပြောကြားသည်။
တစ်ရာတန်ကန်တွင် ငါးများ သေဆုံး နေခြင်းတွေ့ရှိရာမှ ယင်းကန်အား အဆိပ်ခတ်ခြင်းရှိ၊ မရှိ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့မိမြို့ဖများက နေ့လယ် ၁ နာရီ၌ သွားရောက် စစ်ဆေးခဲ့သည်။
အဆိပ် ခတ်ထားသည်မှာ သေချာသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပုံမြို့ပေါ်တွင် ယင်းကန်ရေ သောက်သုံးခြင်း မပြုကြရန် အသံချဲ့စက်များဖြင့် လိုက်လံ အသိပေးခဲ့ကြောင်း မြေပုံမြို့နေ ကိုထွန်းထွန်းနိုင်က ပြောသည်။
လူနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သေဆုံးမှု မရှိကြောင်း မြို့ခံအများစုက ပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က နှစ်ဖက် တင်းမာရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော်လည်း နေ့လယ် ၃ နာရီတွင် ငြိမ်သက်သွားကြောင်း၊ မြေပုံမြို့ပေါ်တွင် တစ်ရာတန်ကန်အပြင် ကန်ဒူကြီးကန်ရှိပြီး  ယင်းကန်မှာမူ အဆိပ်ခတ်ထားခြင်း မရှိကြောင်း လိုက်လံ စစ်ဆေးရာတွင် လိုက်ပါခဲ့သူ ဦးဘခင်က ပြောသည်။


Copy from - 7Day News Journal

0 comments: