Tuesday, June 5, 2012

ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေး တဦး သေဆုံး

ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူ နေရဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်း လိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေ ထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက် ဖွင့်ထားသည်ဟု ဆိုသည်။

နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေးသဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက် ကြည့်ရှုရာ လေးဦးစလုံး သတိလစ်ေ နသည်ကို တွေ့ရသည်ဟု ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ် သားငယ် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှ တင်သွင်းလာသော ကျင်းထုံ အမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင်တို့က တားမြစ် ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရသည်။

မန်းသားလေး
သတင်းရင်းမြစ် - ဧရာဝတီ

0 comments: