Sunday, June 3, 2012

မဲဆောက်မြို့ လေယဉ်ကွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့ မြောက်ဘက် (၆၅)ကီလိုမီတာ အကွာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ မယ်လဒုက္ခသည် စခန်းကို သွားရောက် ခဲ့ပြီးအပြန်မှာ မဲဆောက် လေယာဉ်ကွင်း ဧည့်ဆောင်မှာ သူ့ခရီစဉ်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ကြောင်း အခုလို ပြောပါတယ်။...


"ကျမတို့အနေနဲ့ကတော့ (၂)နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံတဲ့ အဆင်ပြေအောင်လို့ ဦးတည်ပြီး ပြောခဲ့ရတာတွေ ရှိပါတယ်။ ဘာပြုလို့တုန်းဆိုတော့ ဒီရွှေ့ပြောင်း အလုပ်သမားတွေနဲ့ပဲဖြစ်စေ ဒုက္ခသည် တွေနဲ့ပဲဖြစ်စေ ဒါဟာ နိုင်ငံ နှစ် နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့လူတွေက ဧည့်သည်တွေပါ ဧည့်သည်ဆိုတာ ဧည့်သည် ပီပီနေတတ်ရမယ် ဧည့်သည်ရဲ့ တာဝန်ကို လည်းသိရမယ် အိမ်ရှင်တွေကလည်း တက်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီစေချင်အောင်လို့လည်း ကျမတို့ကနေပြီးတော့ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် လည်း တချိန်ထဲမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေအနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ကိုင်ရမယ်လို့ ကျမမြင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မနက် (၇)နာရီေ လာက်ကတည်းက မယ်တော်ဆေးခန်းနဲ့ မဲဆောက်လေယာဉ်ကွင်း ရှေ့လမ်းတလျောက်မှာ ထောင်နဲ့ချီတဲ့ မြန်မာပြည်သားတွေကအဖွဲ့ချုပ် တံဆိပ်ပါအလံတွေ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ချင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ် စတဲ့လက်ကိုင်ပိုစတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီးကြိုဆိုခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကို ရောက်ရှိလာတဲ့ ခရီးစဉ်မတိုင်ခင် ကတည်းက ထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးမှာ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်တဲ့အပြင် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် တွေ့ဆုံဖို့ ရှိသလိုထိုင်း-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့်မူလက အစီအစဉ် ပျက်သွားပါတယ်။

0 comments: